
နေပြည်တော် ဩဂုတ် ၂၂
လူကုန်ကူးမှု တားဆီးကာကွယ် ရေး ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၄)ကို ယနေ့မွန်းလွဲ ၂ နာရီ က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူကုန်ကူးမှု တားဆီးကာကွယ် ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင် သော ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ကျန်အဖွဲ့ဝင် များက Online မှတစ်ဆင့် တက်ရောက်ကြသည်။
ဦးစွာ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့် အမှာစကား ပြောကြားရာတွင် ၂၀၂၃ ခုနှစ် UNODC မှ ထုတ်ပြန်ခဲ့ သည့် အရှေ့တောင်အာရှဒေသ အတွင်း ကာစီနို၊ ဆိုက်ဘာ လိမ်လည်မှုနှင့် အတင်းအကျပ် ရာဇဝတ်မှုကျူးလွန်စေရန် လူကုန် ကူးမှုဆိုင်ရာ အစီရင်ခံစာ၌ အရှေ့ တောင်အာရှဒေသများ ဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် မြန်မာနိုင်ငံ စသည့် နိုင်ငံများတွင် အွန်လိုင်းလိမ်လည် မှုနှင့် ငွေကြေးလိမ်လည်မှုများကို အတင်းအကျပ် ကျူးလွန်စေသည့် လူကုန်ကူးမှုများသည် ပုံစံအသစ် ဖြင့် တိုးတက်ဖြစ်ပေါ်လျက်ရှိ ကြောင်း၊ အဆိုပါဖြစ်ပေါ်နေမှုကို နိုင်ငံတကာမှ ပုံစံသစ်ဖြင့် ဖြစ်ပေါ် လာသော လုပ်အားခေါင်းပုံဖြတ် သည့် လူကုန်ကူးမှုဟု အမည်တပ် လာကြကြောင်း။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားခဲ့ပြီးနောက် လူမှုစီးပွား ဘဝ ပြန်လည်ဖွံ့ဖြိုးတိုးတက် လာစေရေး လုပ်ဆောင်ကြရာတွင် အွန်လိုင်း ဆက်သွယ်ဆက်ဆံမှု လုပ်ငန်းများ၊ အွန်လိုင်းငွေကြေး ရင်းနှီးမြှုပ်နှံမှုနှင့် ငွေပေးချေမှု စနစ်များ တိုးတက်ပြောင်းလဲလာ မှုအပေါ် အခြေခံပြီး အွန်လိုင်း လိမ်လည်မှု မှုခင်းများဖြစ်ပွားမှု ပိုမိုများပြားလာသည်ကို တွေ့ရှိနေ ရကြောင်း၊ ပို့ဆောင်ဆက်သွယ် ရေးဆိုင်ရာ နည်းပညာများဖွံ့ဖြိုး တိုးတက်လာခြင်းသည် အွန်လိုင်း လိမ်လည်မှုကုမ္ပဏီများ ပေါ်ပေါက် လာစေသည့် အခြေခံအကြောင်း ရင်းများပင်ဖြစ်ကြောင်း။
မြန်မာနိုင်ငံ အစိုးရအနေဖြင့် လည်း အွန်လိုင်းလိမ်လည်မှု (Online Scam) လုပ်ငန်းများကို ထိထိရောက်ရောက် တားဆီး နှိမ်နင်းလျက်ရှိပြီး အဆိုပါလုပ်ငန်း များတွင် အတင်းအကျပ် ခိုင်းစေခံ ရသူများကို ကယ်တင်၍ ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်လည် စေလွှတ်လျက်ရှိကြောင်း၊ မြန်မာ နိုင်ငံသို့ နယ်စပ်ဒေသများမှ တစ်ဆင့် အကြောင်းအမျိုးမျိုး ကြောင့် ရောက်ရှိလာပြီး အခက် အခဲမျိုးစုံ ကြုံတွေ့နေရသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံ ရှိ သံရုံးများနှင့် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ ဆက်သွယ်မှုလမ်းကြောင်း များမှတစ်ဆင့် အကူအညီတောင်းခံ လာမှုများနှင့် ပတ်သက်ပြီး ကယ်တင်ရရှိသူများကို သက်ဆိုင် ရာနိုင်ငံအသီးသီးသို့ ပြန်လည် လွှဲပြောင်းခြင်း လုပ်ငန်းများကို လည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း။
ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြရာမှ အခက် အခဲမျိုးစုံ ကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသားများကိုလည်း သက်ဆိုင် ရာနိုင်ငံများရှိ သံရုံးများနှင့် ချိတ်ဆက်ကာ သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်း၍ မိမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိကြောင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(ဘင်းမ်စတက်) အဖွဲ့ဝင် နိုင်ငံများအကြား အကောင် အထည်ဖော် ဆောင်ရွက်မည့် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ ဘင်းမ်စတက်ကွန်ဗင်းရှင်း လုပ်ငန်းလမ်းညွှန်(TOR) နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ ဘင်းမ်စတက်လုပ်ငန်း စီမံချက်ကို အပြီးသတ်ရေးဆွဲ အတည်ပြုနိုင်ခဲ့ကြောင်း။
လူကုန်ကူးခံရသူများအတွက် အကောင်းဆုံး ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် စံလုပ်ငန်း အစီအစဉ်တစ်ခုဖြစ်သည့် လူကုန် ကူးခံရသူများအား ပြန်လည် လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ အမျိုးသား အဆင့် စံလုပ်ငန်းအစီအစဉ် (၂၀၂၀)ကို ရေးဆွဲအတည်ပြုပြီး ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့များအား အဆိုပါ စံလုပ်ငန်း အစီအစဉ် အသုံးပြုနည်းသင်တန်း များကို ယခင်နှစ်များအတိုင်း ဆက်လက် ဆောင်ရွက်သွားပြီး စံလုပ်ငန်းအစီအစဉ်တွင် ပါရှိသည့် လုပ်ငန်းစဉ်များအတိုင်း လိုက်ပါ ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း၊ လူကုန်ကူးခံရသူများကို လိုအပ်သည့် ပံ့ပိုးကူညီမှုများ၊ ညွှန်းပို့ကူညီမှုများ၊ နောက်ဆက် တွဲ စောင့်ရှောက်မှုများကို လည်း အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို တွေ့ရှိ ရ၍ ဆက်လက်ပူးပေါင်း ဆောင် ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။ (ဝဲပုံ)
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လူကုန် ကူးမှု တားဆီးကာကွယ်ရေးဗဟို အဖွဲ့ဝင်များက လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အကောင် အထည်ဖော်ဆောင်ရွက်မှု အခြေ အနေများကို အကြံပြုဆွေးနွေးပြီး ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ခြုံငုံသုံးသပ်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ ပြောင်းလဲဖြစ်ပေါ် နေသော လူကုန်ကူးမှုပုံစံသစ်များ ကို တိုက်ဖျက်ရာတွင် ရေးဆွဲထား ရှိသော မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ (၅)နှစ် စီမံကိန်း၏ လုပ်နည်းလုပ်ဟန် သစ်များနှင့် နိုင်ငံတကာတွင် ကျင့်သုံးနေသည့် စံနှုန်းများကို အသုံးပြုပြီး သက်ဆိုင်ရာအစိုးရ ဌာနများ၊ အရပ်ဘက်အဖွဲ့အစည်း များ၊ နိုင်ငံတကာအဖွဲ့အစည်းများ အပါအဝင် ပြည်သူလူထုတစ်ရပ် လုံးကပါ လူကုန်ကူးမှုတိုက်ဖျက် ရေး အသိပညာ ဗဟုသုတများဖြင့် ပူးပေါင်းပါဝင် အကောင်အထည် ဖော်ကြမှသာ လူကုန်ကူးမှုများ လျော့နည်း ကျဆင်းအောင် ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုအခက် အခဲများကို အကောင်းဆုံး ဖြေရှင်း ဆောင်ရွက်နိုင်မည့် နည်းလမ်း သစ်များကို ဖော်ထုတ်ပြီး အဖွဲ့ဝင် များအနေဖြင့် ပူးပေါင်းဆောင်ရွက် သွားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်