လူမှုဘဝမြင့်မားတိုးတက်ရေး ပညာရေးဦးစားပေး

“မိမိတို့နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အားနည်းမှုများရှိသည်ကို တွေ့ရှိရ ကြောင်း၊ ပညာရေးကို   ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊   “အတန်းပညာရှိမှ အသိပညာရမည်၊ အသိပညာရှိမှ အတတ်ပညာရမည်” ဖြစ်ကြောင်း၊ လူငယ်များအား ကိုယ့်ခြေလှမ်းပေါ်တွင်     ရပ်တည်နိုင်ရေး    ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာသင်ကြားရေးအား မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း”  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့သည့်   သန်းခေါင်စာရင်းအစီရင် ခံစာများအရ အသက်ငါးနှစ်အထက်လူဦးရေ ၄၆ ဒသမ ၄၆၃ သန်းရှိပြီး ကျောင်း လုံးဝမနေဖူးသူ ၈ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ အလားတူ အသက် ၂၅ နှစ်နှင့်အထက် လူဦးရေ ၂၅ ဒသမ ၁၆၉ သန်းရှိပြီး အလယ်တန်းအဆင့်အထိ ပညာသင်ကြားခဲ့သူ လူဦးရေ ၁၈ သန်းကျော်ရှိသဖြင့် လူဦးရေ ခုနစ်သန်းကျော်ခန့်သာ အထက်တန်းပညာ သင်ကြားခဲ့သူများရှိသဖြင့်  မြန်မာနိုင်ငံတွင် နေထိုင်ကြသော လူငယ်လူရွယ်များအနေဖြင့်   အကြောင်းအမျိုးမျိုးကြောင့်    ပညာရေးဘက်တွင် အားနည်းမှုများရှိနေသည်ကို နိုင်ငံတော်ဝန်ကြီးချုပ်က အသိပေးထောက်ပြခဲ့သည်။


လူဦးရေသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတစ်ဝန်းလုံးကို လွှမ်းခြုံကြည့်မည် ဆိုလျှင် နိုင်ငံတစ်ဝန်း၌ ကျောင်းမနေဖူးသူ ၈ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိနေသည်ကို တွေ့ရသည်။ ထိုသို့ကျောင်းမနေဖူးသူများတွင် ကယားပြည်နယ်၌ ၉ ဒသမ ၇ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်၌ ၁၉ ဒသမ ၅ ရာခိုင်နှုန်း၊ ချင်းပြည်နယ်၌ ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊ မွန်ပြည်နယ်၌ ၉ ဒသမ ၄ ရာခိုင်နှုန်းနှင့် ရှမ်းပြည်နယ်၌ ၂၃ ရာခိုင်နှုန်း ရှိသဖြင့် အဆိုပါ ပြည်နယ်ငါးခုတို့သည် ပြည်ထောင်စု၏ပျမ်းမျှနှုန်းထက် ပိုမို များပြားနေသည်ကိုတွေ့ရသည်။ အားလုံးလွှမ်းခြုံသည့်စာရင်းအရ မြို့ပြများ၌ လူဦးရေ ၁၀၀ လျှင် ငါးဦးနှုန်း၊ ကျေးလက်ဒေသများတွင် လူဦးရေ ၁၀၀ တွင် ကိုးဦး နှုန်း ကျောင်းမနေနိုင်သည်ကို တွေ့ရှိရသည်။


လူဦးရေနှင့်အသက်အပိုင်းအခြားအရ အသက်ငါးနှစ်မှ အသက်ကိုးနှစ်အတွင်း ကလေးသူငယ် ၉၂ ရာခိုင်နှုန်း ကျောင်းနေသည်ကို တွေ့ရှိရသော်လည်း အသက် ၁၀ နှစ်မှ အသက် ၁၅ နှစ်အရွယ် မဖြစ်မနေကျောင်းနေရမည့် လူငယ်လူရွယ်များမှာ မူလတန်းလွန်မှ အလယ်တန်းအဆင့်အထိ လူဦးရေ ၇၂ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိသည်။ အသက် ၁၆ နှစ်မှ အသက် ၂၉ နှစ်အရွယ် မိမိတို့ဘဝတိုးတက်မြင့်မားရေးကို ဆောင်ရွက်နိုင်မည့် အထက်တန်းအဆင့်နှင့် အဆင့်မြင့်ပညာသင်ကြားရမည့်ကာလ တွင် ပညာသင်ကြားနိုင်သူ ၁၀ ဒသမ ၅ ရာခိုင်နှုန်းသာရှိတော့သည်။ အသက်အပိုင်း အခြားအလိုက် မူလတန်းပညာ သင်ကြားကြသည့်အရွယ်များ များပြားသော်လည်း အလယ်တန်းမှ  အဆင့်မြင့်ပညာ သင်ကြားရမည့်အရွယ်များတွင် ပညာဆက်လက် ဆည်းပူးနိုင်သူ နည်းပါးသွားသည်ကို တွေ့ရသည်။


ထိုသို့ နည်းပါးသွားရခြင်းသည် ငွေကြေးမတတ်နိုင်သူများအပိုင်းတွင် ၂၁ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး မိဘလုပ်ငန်းခွင်တွင် ကူညီလုပ်ကိုင်နေကြသူ ၂၉ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ဝင်ရောက်ကူညီလုပ်ကိုင် နေသူ ၇ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး စုစုပေါင်း လုပ်ငန်းခွင်နယ်ပယ်အသီးသီးသို့ရောက်ရှိ နေရသူ ၅၇ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိနေသည်ကို တွေ့ရသည်။ အဓိကမှာ မြန်မာ နိုင်ငံတွင်   ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်မားနေဆဲဖြစ်သောကြောင့် ပညာသင်ကြားရမည့် အရွယ်ရောက်ပြီးသူလူငယ်လူရွယ်များမှာ    အလုပ်အကိုင်ဝင်ငွေရရှိရေးအတွက် ပညာသင်ကြားရေးကို ပစ်ပယ်၍ လုပ်ငန်းခွင်နယ်ပယ်အသီးသီးသို့ ရောက်ရှိနေကြ ခြင်းဖြစ်သည်။ ပညာရေးသည် နိုင်ငံအတွက် အရေးကြီးသောကိစ္စဖြစ်ပြီး ပြည်သူ များ၏လူမှုဘဝမြင့်မားတိုးတက်ရေးကို အဓိကအထောက်အကူပြုရာ ယင်းအချက် ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖြည့်ဆည်းပေးရန် ကြိုးပမ်းဆောင်ရွက် နေသည်။


သို့ဖြစ်ရာ နိုင်ငံတော်၏အနာဂတ် တိုးတက်ကောင်းမွန်ရေး၊ ပြည်သူများ လူမှု စီးပွားဘဝ မြင့်မားတိုးတက်လာရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က  ပညာရေးကို  အဓိကဦးစားပေးဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။    ။