ယဉ်ကျေးမှုဟူသည် လူမျိုးတို့၏ ဝိသေသလက္ခဏာများပင် ဖြစ်ပြီး နှစ်ပရိစ္ဆေဒ များစွာကပင် တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ထွန်း လာခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ခုတွင် မိမိတို့ ရှင်သန် တည်ရှိရာ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေထိုင် နိုင်ရန် အစီအစဉ်တကျ လမ်းညွှန်မှုများလည်း ဖြစ်သည်။ လူ့အဖွဲ့ အစည်းတစ်ခုက ဖန်တီးထုတ်လုပ်ထားသည့် ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုများက ၎င်းတို့အဖွဲ့အစည်း၏ ယဉ်ကျေးမှုအဆင့် အတန်းကို အကဲဖြတ်နိုင်သည်။
မြန်မာ့လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာက ပြဋ္ဌာန်းထားသည့် အဆုံးအမ လမ်းညွှန်မှုများပေါ်တွင် အခြေခံ သည်။ မြန်မာနိုင်ငံ ကိုလိုနီလက်အောက် မကျရောက်မီက မြန်မာ့ ပညာရေးသည် ရဟvန်းသံဃာတော်များက သင်ကြားပေးသည့် စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာများဖြစ်ပြီး ယဉ်ကျေးမှု၊ လူ့ကျင့်ဝတ် နှင့် စာရိတ္တ၊ ဝါရိတ္တ တို့ကို ငယ်စဉ်ကပင် သင်ယူကျင့်သုံးခဲ့ကြခြင်း ဖြစ်သည်။ သို့ဖြစ်သည့်အလျောက် ကိုယ်ကျင့်တရားလည်း မြင့်မားကြသည်။ ရတနာပုံခေတ်က မန္တလေးနေပြည်တော်သို့ ရောက်လာသည့် အိန္ဒိယမှ အထည်အလိပ်ကုန်သည်ကြီးတစ်ဦး ရှမ်းပြည်သို့ ကုန်ကူးခဲ့ရာ လမ်းခရီးတစ်နေရာ ဇရပ်တစ်ခုတွင် နားနေစဉ် စလွယ်သိုင်းအိတ်ကြီးဖြင့် ထည့်ထားသော ငွေများ ဇရပ်တိုင်တွင် ချိတ်လျက် မေ့ကျန်ခဲ့သည်။ လမ်းခရီးအတော်လွန် အောင် ဆက်သွားပြီးမှ သတိရခဲ့ရာ လမ်းပြဒေသခံတို့က ရှေ့သို့ သာ ခရီးဆက်ရန်နှင့် ငွေအိတ်လည်း မပျောက်မရှ ပြန်ရမည်သာ ဖြစ်ကြောင်း ပြော၍ စိတ်တထင့်ထင့်နှင့် ခရီးဆက်ခဲ့သည်။ အပြန်ခရီးတွင် ငွေအိတ်ကို ဇရပ်တိုင်တွင်ချိတ်လျက် လက်ရာ ခြေရာမပျက် ပြန်လည်ရရှိခဲ့သည်။ အဆိုပါဇရပ်တွင် အမှိုက်များ လှည်းကျင်းသန့်ရှင်းပေးနေသူကို တွေ့သဖြင့် ငွေအိတ်ကို မမြင် ဘူးလားဟု မေးခဲ့ရာ ထိုသူက မြင်တွေ့ပါကြောင်း၊ မိမိပိုင်ပစ္စည်း မဟုတ်၍ မယူကြောင်း ပြန်ပြောသဖြင့် အံ့ဩခဲ့ရကြောင်း စာပေ မှတ်တမ်းဖြင့် ရေးသားခဲ့ဖူးသည်။
ယနေ့ မျက်မှောက်ကာလတွင် ယဉ်ကျေးမှုနယ်ပယ်ကို ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုများ ပြင်းထန်လာသည်။ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ အဟောင်းအမြင်း အဆွေးအမြည့်ဖက်တွယ်မှုများ၊ ခေတ်မမီဘဲ အမြင်ကျဉ်းမြောင်း မှုများ၊ တိုးတက်ပွင့်လင်းခြင်းကို လက်မခံမှုများအဖြစ် တစ်ဖက် သတ် ပုံဖော်ပြီး ရိုးရာယဉ်ကျေးမှုကို ဖြိုဖျက်နေကြခြင်းဖြစ်သည်။ အထူးသဖြင့် လူငယ်ထုအတွင်း မိမိတို့ လူ့အဖွဲ့အစည်း၏ တန်ဖိုး များအပေါ် တလွဲရှုမြင်လာစေရန်၊ တန်ဖိုးမထားရန်၊ ဆန့်ကျင်လာ စေရန် စသည့်ရည်ရွယ်ချက်များဖြင့် အစီအစဉ်တကျ ပြုလုပ်နေ သည့် ခြေရာလက်ရာများစွာတို့ကို တွေ့မြင်ရသည်။
စင်စစ်ယဉ်ကျေးမှုက လူ့အဖွဲ့အစည်းတိုင်းတွင်ရှိသည်။ နိုင်ငံ တိုင်း၊ လူမျိုးတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှု တို့ ကိုယ်စီရှိကြသည်။ ယဉ်ကျေးမှုနှုန်းစံများနှင့် တန်ဖိုးထားမှု များ ခေတ်ကာလအလိုက် တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲ တတ်သည့် သဘာဝရှိသော်လည်း ကိုယ်ပိုင်အမှတ်အသား သရုပ် လက္ခဏာများကို အပြီးတိုင် စွန့်ပယ်လိုက်၍မရ။ ခေတ်ကာလများ ပြောင်းလဲသည်နှင့်အမျှ အမျိုးသားယဉ်ကျေးမှုတို့လည်း မြင့်တက် လာရမည်သာဖြစ်သည်။ မိမိတို့၏ ကိုယ်ပိုင်ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှု တို့ကို ပို၍ ပို၍ မြင့်မားအောင် တည်ဆောက်ကြရမည်ဖြစ်သည်။ အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းတို့သည် အခြားလူ့အဖွဲ့အစည်းတို့၏ ယဉ်ကျေးမှုကို နှောင့်ယှက်ဖျက်ဆီးခြင်း၊ နှိမ်ချခြင်းမဟုတ်။
မြန်မာ့ယဉ်ကျေးမှု ရှင်သန်ထွန်းကားရေးသည် မြန်မာလူငယ် တို့၏ လက်ထဲတွင်သာ ရှိသည်။ အမျိုးသားယဉ်ကျေးမှုဟူသည် ပျောက်ကွယ်သွား၍မရ။ ယဉ်ကျေးမှုပျောက်ပါက အရိုင်းဘဝသို့ ရောက်သွားမည်သာ ဖြစ်သည်။ လူမျိုး၏ ဂုဏ်သိက္ခာ၊ အမျိုးသား စရိုက်လက္ခဏာအတွက် အမျိုးသားယဉ်ကျေးမှု ခိုင်မာစေရမည်။ မြန်မာ့ရေမြေတွင် ပေါ်ပေါက်ဖြစ်ထွန်းခဲ့ပြီးဖြစ်သော တိုင်းရင်း သားများအားလုံး၏ ပေါကြွယ်ဝလှသည့် ရိုးရာဓလေ့ ယဉ်ကျေးမှု အမွေအနှစ်များကို ဆက်လက်ရှင်သန်ထွန်းကားရေး မြှင့်တင်ပေး ကြရန်မှာ မျိုးဆက်သစ်တို့၏ တာဝန်ပင် ဖြစ်ပါကြောင်း။ ။