လယ်ဝေးမြို့နယ်၌ စကေဘာနှင့် ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား နှစ်ဦး ဖမ်းဆီးအရေးယူ

 

နေပြည်တော်   မတ်    ၂


နေပြည်တော်ကောင်စီနယ်မြေ  လယ်ဝေးမြို့နယ်၌ မတ် ၁ ရက်က စကေဘာနှင့် ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ 

 


ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၈ ရက်  ည  ၁၁  နာရီ ၁၅ မိနစ်တွင် လယ်ဝေးမြို့နယ်ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင် များပါဝင်သော    ပူးပေါင်းအဖွဲ့သည်  အမှတ်  (၆)ရပ်ကွက် မြို့သစ် (၈) လမ်းထိပ်၌ ယာဉ်စစ်ဆေး ခြင်းများ ဆောင်ရွက်စဉ်  ဒက္ခိဏသီရိမြို့နယ် သဲဖြူ ကျေးရွာနေ စိုးထက်အောင်(၂၁ နှစ်) နှင့် လယ်ဝေး မြို့နယ် (၇) ရပ်ကွက်နေ အေးလွင်(၂၁ နှစ်) တို့ နှစ်ဦး  စီးနင်းလာသည့် ဆိုင်ကယ်အား စစ်ဆေးရန် ရပ်တန့် စေခဲ့ရာ ရပ်တန့်ပေးခြင်းမရှိဘဲ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီး၍  ရှာဖွေစစ်ဆေးခဲ့ရာ စကေဘာ တစ်ချောင်း၊ ဓားဦးချွန် တစ်ချောင်း၊ လောက်လေးခွ နှစ်လက်၊ လောက်စာလုံး ၁၈ လုံးတို့အား သိမ်းဆည်း ရမိခဲ့သဖြင့် စိုးထက်အောင်နှင့် အေးလွင်တို့ နှစ်ဦး ကို လယ်ဝေးမြို့မရဲက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


ရဲပြန်ကြား