
နေပြည်တော် ဇွန် ၇
မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန် လယ်ယာထွက်ကုန် ပစ္စည်းများ ဖြစ်သည့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းများသည် နိုင်ငံတော်၏ ပြည်ပဝင်ငွေ အများဆုံးရရှိသော အားထားရသည့် ပို့ကုန်အမယ် များ ဖြစ်ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၈၉ သန်း ပြည်ပသို့ တင်ပို့ ရန် လျာထားခဲ့ပြီး ယခုဘဏ္ဍာ ရေးနှစ် ပထမသုံးလပတ်တွင် စုစုပေါင်းတန်ချိန် ၄ ဒသမ ၃၈ သိန်း တင်ပို့ရန် လျာထားခဲ့ သည်။
ပြည်ပတင်ပို့ရန် လျာထားချက်များ အတိုင်း ပြည့်မီစွာတင်ပို့နိုင်ရေး ဆောင်ရွက် လျက်ရှိရာ ယခုဘဏ္ဍာရေးနှစ် ဧပြီနှင့် မေလများတွင် ပဲမျိုးစုံတန်ချိန် ၄ ဒသမ ၆၆ သိန်းကျော် တင်ပို့ထားနိုင်ခဲ့သည့်အတွက် လျာထားချက်ထက် ကျော်လွန်တင်ပို့နိုင်ခဲ့ ပြီး ဇွန်လတွင်လည်း လျာထားချက်ပြည့်မီ အောင် တင်ပို့နိုင်ရေး ပဲမျိုးစုံတင်ပို့သည့် ပို့ကုန်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း (အရှေ့/အနောက်) မွန်ပြည်နယ်တို့တွင် မတ်ပဲထွက်ရှိပြီး စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် လည်း အနည်းငယ်ထွက်ရှိသည်။ ပဲစင်းငုံ (အနီ)ကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းဒေသကြီးများတွင် စိုက်ပျိုးပြီး ပဲစင်းငုံ(အဖြူ)မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်များတွင် အနည်း ငယ်ထွက်ရှိသည်။ ပဲတီစိမ်းစိုက်ပျိုးထွက် ရှိရာ ဒေသများမှာ ဧရာဝတီတိုင်း၊ ရန်ကုန် တိုင်း၊ ပဲခူးတိုင်းတို့ဖြစ်ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။
ပြည်တွင်းမှ ထွက်ရှိသောပဲများကို ၂၀ ရာခိုင်နှုန်းသာ ပြည်တွင်း၌ စားသုံးပြီး ၈၀ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့လျက်ရှိပြီး မတ်ပဲနှင့် ပဲတီစိမ်းကို အိန္ဒိယနိုင်ငံ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တရုတ်၊ ဂျပန်နှင့် အီးယူနိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ပြည်တွင်းပဲလိုအပ် ချက်များရှိသောကြောင့် ပဲတင်သွင်းမှုကို ဖြေလျှော့ပေးခဲ့ရာ ပဲစင်းငုံ၊ မတ်ပဲနှင့်ပဲနီလေး များကို အကောက်ခွန်ကင်းလွတ်တင်သွင်း ခွင့်ကို ယခင်က၂၀၂၄ ခုနှစ် မတ်လအထိ ခွင့်ပြုထားခဲ့ပြီး ယခုအခါ ၂၀၂၅ ခုနှစ် မတ် လအထိ သက်တမ်းတိုးမြှင့်ပေးခဲ့သည့် အတွက် မြန်မာနိုင်ငံမှ ပဲတင်ပို့သူလုပ်ငန်း ရှင်များ ဈေးကောင်းရရှိနိုင်ကြောင်း သိရသည်။
သတင်းစဉ်