မာတာပိတု ဥပဋ္ဌာနံ

Type

 

မိဘကို လုပ်ကျွေးပြုစုရခြင်းသည် 
မင်္ဂလာမည်၏။
 

ဗုဒ္ဓမြတ်စွာဘုရားက မိဘကို လုပ်ကျွေးပြုစုရခြင်းသည် မင်္ဂလာမည်၏ဟု ဟောခဲ့ပါသည်။ မိဘသည် အနန္တော အနန္တဂိုဏ်းဝင်ဖြစ်ပါသည်။ မိဘတိုင်းကို သားသမီးတိုင်းက လုပ်ကျွေးပြုစုသင့်ပါသည်။ သားသမီးတို့က လုပ်ကျွေးပြုစုချင်သော်လည်း ပြုစုခွင့်မရသည့် အခြေအနေများလည်း ရှိပါသည်။ မိဘများကို လုပ်ကျွေးပြုစုလိုသည့်အချိန်တွင် မိဘများက လူ့လောကတွင် မရှိတော့ခြင်း၊ မိဘနှင့် ဝေးကွာသည့်အရပ်တွင် နေထိုင်၍ လုပ်ကျွေးပြုစုခွင့်မရခြင်းတို့ ဖြစ်တတ်ပါသည်။ လုပ်ကျွေးပြုစုခွင့် ရသော်လည်း မိဘကိုလုပ်ကျွေးပြုစုခြင်း မလုပ်သူတွေလည်းရှိသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ရပါသည်။
မွေးမိဘ
ကျွန်တော့်ဘဝတွင် ကျွန်တော်တတ် နိုင်သည့်အချိန်၊ လုပ်ကျွေးပြုစုလိုသည့် အချိန်တွင် ကျွန်တော့်အဖေ ကွယ်လွန်ခဲ့ ပါပြီ။ အဖေသည်  စည်းကမ်းအလွန်ကြီး ပါသည်။   သားသမီးများကို  မကြာခဏ ကြိမ်ဖြင့်     ရိုက်နှက်ဆုံးမလေ့ရှိသဖြင့် အဖေ့ကို  ကျွန်တော်အမြဲ  ဆန့်ကျင်ပါ သည်။    ရိုက်နှက်ဆုံးမသည့်အတွက် ကျွန်တော်တို့    မချစ်မှာကိုလည်း   အဖေ့ မစိုးရိမ်ပါ။ ဆောင်ရွက်စရာ ရှိသည့် အဖေ့ ဝတ္တရား၊ အဖေ့တာဝန်အတိုင်း ကျွန်တော် တို့ကို     လိမ္မာရေးခြားရှိအောင်သာ ဆိုဆုံးမခဲ့ပါသည်။   အဖေ၏  ဆိုဆုံးမမှု များကြောင့်       လက်ရှိအခြေအနေကို ကျွန်တော်     ရောက်ရှိနေခြင်းဖြစ်ပါသည်။ အဖေ့ကို စိတ်ပါလက်ပါ ကန်တော့ခွင့်ရ ချင်ပါသည်။  မရနိုင်တော့ပါ။  အဖေ့ကို ကျွေးမွေးပြုစု  လိုပါသည်။  နိုင်ငံခြားသို့ အလည်အပတ်ပို့လိုပါသည်။ အဖေကြိုက် နှစ်သက်သည့်  ပစ္စည်းများကို   ဝယ်ပေး လိုပါသည်။   လုပ်ခွင့်     မရတော့ပါ။ ကံကောင်းသည့်အချက်က   ကျွန်တော့် အမေသည် ယခုတိုင်  အသက်ရှင်ဆဲဖြစ်ပါ သည်။ အမေ့အသက် ၉၀ ကျော်ပါပြီ။ အမေ့ကို စိတ်ကြိုက်ပြုစုခွင့်ရ၍  ဝမ်းသာ မိပါသည်။ မိဘများ အသက်ထင်ရှားရှိချိန် တွင်   မိဘများကို  အကောင်းဆုံး  ပြုစု စောင့်ရှောက်ရပါမည်။
မိဘများက  သားသမီးများကို   ပခုံး လက်နှစ်သစ်အရွယ်ကစ၍    မျှော်လင့် ချက်မထားဘဲ  ကျွေးမွေးပြုစု  စောင့် ရှောက်ခဲ့ကြပါသည်။ မိမိတို့ အသက်ကြီး လာသည့်အခါ မိမိတို့သားသမီးများက “ပြန်လည် ကျွေးမွေးပြုစုစောင့်ရှောက်ပါ့ မလား၊  သားသမီးတွေဆီက   ဘာပြန်ရ မလဲ” ဆိုသည်ကို  မိဘများက  မည်သည့် မေးခွန်းမှ    မထုတ်ခဲ့ပါ။   မိဘများက မည်သည့်မျှော်လင့်ချက်မျှ     မထားဘဲ သားသမီးများကို ပြုစုစောင့်ရှောက်ခဲ့ခြင်း ဖြစ်သည်ကို   မမေ့သင့်ပါ။  မိဘများကို လိုလေသေးမရှိအောင်   ကျွေးမွေးပြုစု စောင့်ရှောက်ဖို့  အခြေအနေမပေးသေး လျှင်  အနည်းဆုံးမိဘကို   စိတ်ချမ်း သာအောင် ထားစေလိုပါသည်။ မိဘ မကြိုက်သည့်အလုပ်ကို  ရှောင်ကြဉ်ခြင်း သည်  မိဘကို  စောင့်ရှောက်ခြင်းပင်ဖြစ် ပါသည်။  မိဘတိုင်းသည်  သားသမီးများ ကြောင့်  ဂုဏ်တက်ချင်ကြပါသည်။ မိမိ သားသမီးက         ပညာတော်သည်၊ အားကစား ထူးချွန်သည်၊ အနုပညာပါရမီ ရှိသည် … စသဖြင့် ဂုဏ်ယူလိုကြပါသည်။ လူငယ်များအနေဖြင့်   မိဘကို  ချစ်လျှင်၊ မိဘကိုစိတ်ချမ်းသာအောင်ထားလိုလျှင် မိမိကိုယ်မိမိ  ထူးချွန်အောင်  ကြိုးစားရ ပါမည်။ 
ချမ်းသာကြွယ်ဝသည့်  မိဘများက သားသမီးကို    လိုလေသေးမရှိထားနိုင် သော်လည်း  ဆင်းရဲသည့်  မိဘများက ချို့တဲ့စွာ  သားသမီးများကို ကျွေးမွေးပြုစု စောင့်ရှောက်နေသည်များလည်း   ရှိပါ သည်။ ဆင်းရဲနွမ်းပါးသည့် သားသမီး တချို့က  မိဘက   ဆင်းရဲသည်၊   ပညာ မတတ်၊ ဂုဏ်ငယ်ရသည် ... စသည့် အယူ အဆများနှင့်  မိဘကို  ရှေ့တန်းမတင်သူ များကိုလည်း  ဝမ်းနည်းဖွယ်ရာတွေ့နေရ ပါသည်။ မိဘက ပညာမတတ်သည်ဖြစ် စေ၊ ချို့တဲ့သည်ဖြစ်စေ၊ ဂုဏ်ငယ်သည် ဖြစ်စေ၊    မိမိကို   ငယ်စဉ်ကတည်းက ကျွေးမွေးပြုစု           စောင့်ရှောက်ခဲ့သည့် ကျေးဇူးကို  မမေ့သင့်ပါ။  ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့သည့်  မိဘကျေးဇူးသည် အလွန်ကြီးပါသည်။        ဗုဒ္ဓဘုရားရှင်ပင် အမေ့နို့တစ်လုံးဖိုးသာ    ကျေအောင် ကျေးဇူးဆပ်နိုင်သည်ဟု  ဆိုကြပါသည်။ မိဘက  မည်သည့်အခြေအနေပင်ဖြစ်စေ မိဘကို    ခြွင်းချက်မရှိ   ချစ်ရန်၊   မိဘကို စိတ်ချမ်းသာအောင်ထားရန်၊      မိဘကို ကျွေးမွေးပြုစု       စောင့်ရှောက်ရန်သည် သား၊  သမီးတို့၏  တာဝန်ဖြစ်ပါသည်။ ဤတာဝန်ကိုကျေမှ  မင်္ဂလာတရားတော် နှင့်အညီ   ချမ်းသာအောင်မြင်သူဖြစ်ပါ မည်။
ကျွေးမိဘ
မွေးမိဘ    မရှိတော့သည့်အတွက် မိဘနေရာကနေပြီး  ကျွေးမွေးပြုစုစောင့် ရှောက်ခဲ့သည့် မိဘများလည်း ရှိပါသည်။ ဝမ်းနှင့်         လွယ်မမွေးခဲ့သော်လည်း မိဘအရင်းကဲ့သို့ လူတစ်လုံး သူတစ်လုံး ဖြစ်အောင် ကျွေးမွေးပြုစုစောင့်ရှောက် ခဲ့သည်   ကျွေးမိဘများ၏  ကျေးဇူးကို လည်း သိတတ်ပြီး  ပြန်လည်ကျွေးမွေး ပြုစု စောင့်ရှောက်ရန် လိုပါသည်။ နောင် တစ်ချိန်တွင်   ဗုဒ္ဓဘုရားရှင်ဖြစ်လာမည့် သိဒ္ဓတ္ထမင်းသားကို     ဖွားမြင်ပြီးနောက် မိခင်မယ်တော်မာယာ     နတ်ရွာစံခဲ့ပါ သည်။  သိဒ္ဓတ္ထမင်းသားကို    လူလား မြောက်အောင်    မယ်တော်မာယာ၏ ညီမတော်  မိထွေးတော်   ဂေါတမီက ကျွေးမွေးပြုစု   စောင့်ရှောက်ခဲ့ပါသည်။ သိဒ္ဓတ္ထမင်းသား တောထွက်၊ တရားကျင့် ကာ သဗ္ဗညုတဉာဏ်ရရှိပြီး ဘုရားအဖြစ် ရောက်တော်မူသည့်အခါ  မိထွေးတော် ဂေါတမီကို  ကျေးဇူးဆပ်သည့်အနေဖြင့် ဘိက္ခုနီ   သာသနာတော်ကို   ခွင့်ပြုခဲ့ပါ  သည်။ 
အဲပယ် (Apple)  ၏  ဖခင်ကြီးဟု တင်စားခေါ်ကြသည့်  အဲပယ်  (Apple) ကုမ္ပဏီကို  တည်ထောင်ခဲ့သည့်  စတီးဗ် ဂျော့ (Steve Jobs) ကို  မွေးစကတည်းက မိဘအရင်း   မဟုတ်သည့်  လင်မယား မောင်နှံက   မွေးစားခဲ့ပါသည်။    စတီးဗ် ဂျော့သည် မွေးစားမိဘနှစ်ပါးကို မွေးစား မိဘမှန်းသိသော်လည်း   အလွန်ချစ်ပါ သည်။ မိဘများက “မွေးစားထားတာပါ” ဟုဆိုလျှင်     အလွန်စိတ်ဆိုးပါသည်။ “ဒီမိဘတွေက  ကျွန်တော့် မိဘ ၁ဝဝဝ% ပါ” ဟု စတီးဗ်ဂျော့က ပြောလေ့ရှိပါသည်။ စတီးဗ်ဂျော့ ချမ်းသာအောင်မြင်လာသည့် အခါလည်း   မွေးစားမိဘ  နှစ်ပါးကို ကောင်းစွာပြုစု စောင့်ရှောက်ခဲ့ပါသည်။
ယနေ့ကမ္ဘာကြီးသည် သိပ္ပံပညာများ ထွန်းကားမှုကြောင့်     လူသားများ၏ နေ့စဉ်ဘဝသည် အစစအရာရာ အဆင် ပြေလာသည်။ တစ်ချိန်က အင်္ဂလန်မှာ ရောက်နေသည့်သားနှင့်      ရန်ကုန်က     မိဘ ဆက်သွယ်ချင်လျှင်           စာရေးပြီး ဆက်သွယ်ရပါသည်။  ငွေကုန်ကြေးကျ ခံ၍   တယ်လီဖုန်း   ခေါ်ဆိုရပါသည်။ ယနေ့နည်းပညာများ     တိုးတက်လာမှု ကြောင့် ဗိုင်ဘာ (Viber) ၊ ဝီချတ် (WeChat)၊ ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာ    (Facebook Messenger) များသုံးကာ  တယ်လီဖုန်း ပြော၍ ရပါသည်။ ဗီဒီယိုသုံး၍ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ကာ     စကား ပြောနိုင်ပါသည်။ ငွေကြေးကုန်ကျမှုလည်း နည်းပါသည်။ အကြောင်းရင်းကို   စစ်လျှင်  မိဘများက သားသမီးများကို  လူလား မြောက်အောင်    ကျွေးမွေးပြုစုစောင့် ရှောက်ခဲ့၍ ဖြစ်ပါသည်။ သတ္တလောက ကြီးကို       ကြည့်သည့်အခါ    မိဘက သားသမီးကို      ငယ်စဉ်ကတည်းက ကျွေးမွေး ပြုစုစောင့်ရှောက်ပြီး လူတစ်လုံး သူတစ်လုံးဖြစ်အောင် လုပ်ပေးသည်မှာ လူပဲရှိပါသည်။   တိရစ္ဆာန်များသည်  သား သမီးများကို  ငယ်စဉ်အခါမှာ   ကျွေးမွေး ပြုစုစောင့်ရှောက်သော်လည်း   အရွယ် ရောက်လာသည်နှင့်     မိဘကထားပစ်ခဲ့ သည်ကို     တွေ့ရပါသည်။    လူသာလျှင်   သားသမီးများ     မည်သည့်အရွယ်ပင် ဖြစ်စေ    မိဘများက   အမြဲသင်ကြား   ဆုံးမလေ့ရှိပါသည်။   ဤအကျိုးဆက် ကြောင့် နည်းပညာများ ထွန်းကားလာ ခြင်း ဖြစ်ပါသည်။
မိဘက သားသမီးကို  ကျွေးမွေးပြုစု စောင့်ရှောက်ခြင်းသည်    လူ့တာဝန် တစ်ခုဖြစ်သကဲ့သို့    သားသမီးများမှ လည်း မိဘကို ကျွေးမွေးပြုစုစောင့်ရှောက် မှသာ  လူသားတာဝန်ကျေပါလိမ့်မည်။ မိဘကို ကျွေးမွေးပြုစုစောင့်ရှောက်ခြင်း မလုပ်သူ၊ မိဘကို မချစ်သူသည် တခြား သူကိုလည်း ချစ်မည် မဟုတ်ပါ။ ကျေးဇူး တရားကိုလည်း သိတတ်မည် မဟုတ်ပါ။
အဇာတသတ်
မိဘ၏  ကျေးဇူးကို  မသိတတ်သည့် အတွက်  ဒုက္ခရောက်ခဲ့ရသည့် ပုံပြင်များ၊ စာများ၊  နိပါတ်တော်များ  အမြောက် အမြားရှိပါသည်။ အဇာတသတ်ဆိုလျှင် ဒေဝဒတ်နှင့်  လူပေါင်းမှားကာ နန်းကို လိုချင်သည့်အတွက် ဖခင်ကြီးကို ထောင် သွင်း  အကျဉ်းချပါသည်။   မသေသေ အောင်  ဖခင်ခြေထောက်ကိုခွဲပြီး  ဆား သိပ်ပါသည်။ သို့သော် သားမွေးလာသည့် အချိန်တွင်   သားကို    ချစ်လွန်းသည့် အတွက် “သားကို ကျွန်တော် ချစ်သလို၊ အဖေက ကျွန်တော့်ကို ချစ်သလား”ဟု အဇာတသတ်က  မိခင်ကို  မေးပါသည်။ မိခင်က အဇာတသတ်ကို “သင်ငယ်စဉ် က လက်မှာ ခူနာ ပေါက်တယ်၊ နာလွန်း၍ သင်ငိုတယ်။  သင့်ဖခင်က  သက်သာ အောင်   ပါးစပ်နှင့်   ငုံထားသည့်အချိန် ပြည်ပေါက်သွားသော်လည်း သင်နိုးမှာ စိုး၍ ထွေးမထုတ်ဘဲ မျိုချခဲ့တယ်” ပြော သည့်အခါ အဇာတသတ် နောင်တကြီးစွာ ရခဲ့ပါသည်။
မိမိက    အသက်ငယ်သေးသည်၊ အသက်ကြီးအရွယ်ရောက်လျှင်   မိဘ ကျေးဇူးဆပ်မည်ဟု  မစောင့်စေလိုပါ။ ငယ်စဉ်ကတည်းက လူအများ ချီးမွမ်းခံရ သူဖြစ်အောင်  ပြုမူနေထိုင်ပါ။  အသက် ငယ်သည့်  ကလေးများကလည်း မိဘကို လုပ်ကျွေးပြုစုစောင့်ရှောက်သည့် အလုပ် ကို   ကြီးမှလုပ်မည်ဟု  စိတ်ထားကို ပြင်စေလိုပါသည်။  ငယ်ငယ်ကတည်းက မိမိကို  လူအများ  ချီးမွမ်းအောင်နေပါ။ အကျင့်စာရိတ္တကောင်းသူ၊ အပြောအဆို ယဉ်ကျေးသိမ်မွေ့သူ၊ လူအများကို ကူညီ သူဖြစ်လျှင် လူအများက ချစ်ခင်ကြပါ လိမ့်မည်။   လူတွေက  ချီးမွမ်းပြောဆို ကြပါမည်။ လူအများ ချီးမွမ်းပြောဆိုတာ ခံရသည့်အခါ  မိဘများ  ဂုဏ်တက်ရပါ သည်။  ဝမ်းသာပီတိ   ဖြစ်ကြရပါသည်။ မိဘများကို   စိတ်ချမ်းသာအောင်ထား ခြင်းသည်  မိဘများကို  အကောင်းဆုံး ပြုစုစောင့်ရှောက်ခြင်း ဖြစ်ပါသည်။
သုဝဏ္ဏသာမ
မိဘများကို  ပြုစုစောင့်ရှောက်သူ သည်     အန္တရာယ်ကင်းဘေးရှင်း၍ သူတော်ကောင်းများ၏   စောင့်ရှောက် ခြင်းကိုလည်း    ရပါသည်။     ဇာတ်ကြီး ဆယ်ဘွဲ့တွင်    ပါဝင်သော    သုဝဏ္ဏသာမ ဇာတ်ကိုကြည့်လျှင်   သုဝဏ္ဏသာမသည် မျက်မမြင် မိဘနှစ်ပါးကို  လုပ်ကျွေးပြုစု စောင့်ရှောက်နေသည့်   သားရတနာဖြစ်ပါ သည်။ မြားမှန်၍ သေလုဆဲဆဲတွင်  မိဘ ကျေးဇူးကို သိတတ်သူဖြစ်၍ သိကြားမင်း က     အသက်ကို        ကယ်ရပါသည်။


မိဘများကို  ပြုစုစောင့်ရှောက်ခြင်းကြောင့် ရရှိမည့် အကျိုးတရား သည်   အလွန်များပါသည်။
မိဘများ   အသက်ထင်ရှားရှိစဉ်တွင် မိဘများကို အကောင်းဆုံး၊ အတတ်နိုင်ဆုံး ကျွေးမွေးပြုစု စောင့်ရှောက်စေလိုပါသည်။ နောင်တ မရစေလိုပါ။  လောကတွင်  နောင်တနှစ်မျိုးရှိပါသည်။  မလုပ်သင့်  မလုပ်ထိုက်တာကို  လုပ်မိခဲ့လျှင်  နောင်တရပါသည်။ လုပ်သင့် လုပ်ထိုက်သည်ကို  မလုပ်ခဲ့လျှင်လည်း  နောင်တရပါလိမ့်မည်။ မိဘကို လုပ်ကျွေးပြုစုခြင်းသည် လုပ်သင့်လုပ်ထိုက်သည့်အလုပ် ဖြစ်ပါသည်။ မိဘကို လုပ်ကျွေးပြုစုခြင်းကို မလုပ်ခဲ့လျှင် တစ်ချိန်မှာ နောင်တရပါလိမ့်မည်။ မိဘကွယ်လွန်သွားသည့် အချိန်မှ နောင်တ နှင့် ကျန်ခဲ့မယ်ဆိုလျှင် ဘဝတွင်   စိတ်ချမ်းသာမှုကို  ရရန်ခက်ပါ မည်။ စိတ်ချမ်းသာမှု မရှိသူသည် အောင်မြင်မှုနှင့်လည်း  ဝေးရပါ မည်။
နိဂုံးချုပ်အနေဖြင့် မိမိက ငယ်သေးသည်။ မိမိက မပြည့်စုံသေး၊ မိမိက အဝေးရောက်နေသည်  စသည့်အကြောင်းပြချက်များဖြင့် မိဘများကို ကျွေးမွေးပြုစုစောင့်ရှောက်ခြင်းကို    မပျက်ကွက်သင့် ပါ။   မိဘများကို   ကျွေးမွေးပြုစုစောင့်ရှောက်သူသည်    မင်္ဂလာ တရားတော်နှင့်အညီ ချမ်းသာအောင်မြင်ခြင်းသုခကို ရရှိပါမည်။
“မှတ်သားစရာ”
မွေးမိဘနှင့်  မိဘအရင်းကဲ့သို့ ကျွေးမွေးစောင့်ရှောက်ခဲ့သူများကို    အချိန်မဆိုင်းဘဲ    တတ်နိုင်သည့်နည်းဖြင့် ကျေးဇူးဆပ်ရပါမည်။

 

ကျော်ကျော်လှိုင်