
မစ္စတာ ရှရိဖ် ဆလာ အယ်လ်ဒင် အဲလစ်သီ အားမြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူ
==============================================================================================
နေပြည်တော် အောက်တိုဘာ ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ် ခြင်းခံရသော အီဂျစ်အာရပ်သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ခါလဒ် မိုဟာမက် အဗ္ဗဒဲလ်ရာမန် အဗ္ဗဒဲလ် ဆာလမ်၏နေရာတွင် မစ္စတာ ရှရိဖ် ဆလာ အယ်လ်ဒင် အဲလစ်သီအား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။
မစ္စတာ ရှရိဖ် ဆလာ အယ်လ်ဒင် အဲလစ်သီ သည် ၁၉၈၆ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စတင်ဝင်ရောက်ခဲ့ပြီး ပြည်တွင်း/ပြည်ပ၌ ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂၀၁၀ ပြည့်နှစ် တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဆက်ဆံရေးဌာန၏ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံရသည်။ ၂၀၁၁ ခုနှစ်တွင် အာရှ၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် ၂၀၁၂ ခုနှစ်တွင် ပင်လယ်ကွေ့နိုင်ငံများနှင့် ယီမင်နိုင်ငံဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကင်မရွန်းသမ္မတနိုင်ငံဆိုင်ရာ အီဂျစ်သံအမတ် ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၇ ခုနှစ်မှစတင်၍ အီဂျစ်နိုင်ငံခြား ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာညီလာခံဌာန၌ သံအမတ်ကြီး/ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
၎င်းသည် အင်္ဂလိပ်၊ ပြင်သစ်နှင့် စပိန်ဘာသာတို့ကို တတ်ကျွမ်းသည်။
သတင်းစဉ်