မြစ်ကြီးနား၊ နောင်ချိုနှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဒီဇင်ဘာ   ၃၀ 


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ   ၂၉   ရက်   မွန်းလွဲ  ၂  နာရီတွင် မြစ်ကြီးနားမြို့  မြေမြင့်ရပ်ကွက်  ဈေးကြီး လမ်းတွင် မင်းနိုင် မောင်းနှင်ပြီး သန်းလင်းဦး လိုက်ပါလာသည့်   ဆိုင်ကယ်ကို   ရပ်တန့် စစ်ဆေးရှာဖွေရာ   စိတ်ကြွရူးသွပ်ဆေးပြား ၄၅၀၀ ကိုလည်းကောင်း၊ ထို့ပြင်  ဒီဇင်ဘာ ၂၈ ရက် ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော   ပူးပေါင်းအဖွဲ့သည်   နောင်ချို မြို့နယ် မဲပုတ်ကျေးရွာအုပ်စု မကျည်းရေ    ကျေးရွာအနီး နောင်ချို-ရပ်စောက် ကားလမ်း တွင် အောင်မင်းထွန်း မောင်းနှင်လာသည့်   ဆိုင်ကယ်ကို    ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀ ကိုလည်း ကောင်း၊  ကွင်းဆက်အရ ညနေ ၅ နာရီခွဲတွင် နောင်ချိုမြို့နယ်      လုံဝယ်ကျေးရွာအုပ်စု လုံစံကျေးရွာ ရှိ    ကျော်ညွန့်  (ခ)  သားပု၏    နေအိမ်သို့    ဝင်ရောက်ရှာဖွေရာ    စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၆၀ ကို လည်းကောင်း၊ အလားတူ   ဒီဇင်ဘာ    ၂၉   ရက်   မွန်းလွဲ  ၂  နာရီ  မိနစ်  ၂၀  တွင် ပူးပေါင်းအဖွဲ့သည်  နောင်ချိုမြို့နယ်     မန္တလေး-လားရှိုးသွား ကားလမ်း မိုင်တိုင်အမှတ် (၈၀/၄) အနီးတွင် သန့်ဇင်  မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် ဇော်ဇော်အောင် (ခ) ဇော်ကြီး မောင်းနှင်ပြီး မစန်းမြမိုး (ခ) သော်တာ လိုက်ပါလာသည့် ဆိုင်ကယ်တို့ကို  ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား   ၅၆၀၀၀   ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

 


ထို့အတူ ယင်းနေ့ ညပိုင်းတွင် မူးယစ် ဆေးဝါး      တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်  မိုင်းတွမ်း(တောင်ပေါ်)ကျေးရွာအုပ်စု         ပါခါးကျေးရွာအနီး မိုင်းဆတ်-တာချီလိတ်         ကားလမ်းတွင် အမျိုးသားတစ်ဦး   (စိစစ်ဆဲ)   မောင်းနှင် လာသည့် ဆိုင်ကယ်ကို စစ်ဆေးရာ  စိတ်ကြွ ရူးသွပ်ဆေးပြား ၉၂၀၀၀ ကိုလည်း ကောင်း သိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းတို့အား မူးယစ် ဆေးဝါးနှင့်       စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။            
       

ရဲပြန်ကြား