မြစ်ကြီးနား၊ တာချီလိတ်နှင့် လွိုင်လင်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်   ဇွန်   ၂၄ 


မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များ ပါဝင်သော   ပူးပေါင်းအဖွဲ့သည်  ဇွန် ၂၃ ရက် ညနေ ၆ နာရီခွဲတွင် မြစ်ကြီးနားမြို့     အေးစေတီ ရပ်ကွက် သခင်နက်ဖေ လမ်းတွင် တိုးအောင် (ခ)ဖက်တီး မောင်းနှင် လာသည့်    MARK II ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား    ၃၇၀၀   နှင့် ဘိန်းဖြူ   သုည ဒသမ ၀၇ ကီလို တို့ကိုလည်းကောင်း၊ ဇွန် ၂၃ ရက် ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး      ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်          တာချီလိတ်မြို့  ဆန်ဆိုင်းရပ်ကွက်(ခ)ရှိ ဟိုတယ် ကားပါကင်အနီးတွင် စိုင်းမိုးကျော် မောင်းနှင်လာသည့် ဆိုင်ကယ်ကို  ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား        ၂၄၀၀    ကို လည်းကောင်း၊ ဇွန် ၂၂ ရက် ညနေ ၆ နာရီတွင် ပင်လုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်     လွိုင်လင်မြို့နယ် ပင်လုံမြို့    ဆဟောင်းကျေးရွာ အုပ်စု  ဆဟောင်းကျေးရွာအနီး တွင်       မသင်္ကာဖွယ်တွေ့ရှိသူ ဖြားလော်ကို   စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား  ၂၀၀၀ ကိုလည်းကောင်း  သိမ်းဆည်းရမိခဲ့ သည်။
၎င်းတို့အား မူးယစ်ဆေးဝါး နှင့်    စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ   ဥပဒေအရ အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲပြန်ကြား