မြစ်ကြီးနားမြို့၌ ဆေးလိပ်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်

 

မြစ်ကြီးနား   နိုဝင်ဘာ  ၇


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဂင်ဒိုင်- B နယ်မြေ၌ နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲက ဆေးလိပ်မီးမှတစ်ဆင့် လူနေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးကြောင်း သိရသည်။

 


မီးလောင်မှု   ဖြစ်ပွားရသည့်အကြောင်းရင်းမှာ  နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်းရှိ အိပ်ရာအနီးတွင် ဆေးလိပ်မီးမငြှိမ်းဘဲ ထားခဲ့ရာမှ အိပ်ရာခင်းသို့  မီးကူးစက်လောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့်   ပေ ၃၀ ပေ ၂၀ သွပ်မိုး၊ ထရံကာ၊ ကြမ်းခင်း နှစ်ထပ်လူနေအိမ် တစ်လုံး၊ ဆိုင်ကယ်အဟောင်းတစ်စီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ကိုးသိန်း ခန့် မီးလောင်ဆုံးရှုံးခဲ့ကာ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ သိရသည်။

 


အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထွဋ်ဦး ဦးဆောင်၍ သန္ဓေ ၃၀၊ အရန် ငါးဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများက   မီးငြှိမ်း သတ်ယာဉ်သုံးစီး၊ Medium Fire Fighting & Rescue တစ်စီး၊ ရေသယ် ယာဉ်နှစ်စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သည်။

 

မီးလောင်မှုနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူကို  မြစ်ကြီးနားမြို့နယ် အမှတ် (၁)  ရဲစခန်းမှ  အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                                        
ခရိုင်(ပြန်/ဆက်)