
နေပြည်တော် ဇန်နဝါရီ ၆
မြစ်ကြီးနားမြို့တွင် ငွေကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၄ ရက် ညနေ ၆ နာရီတွင် ကချင် ပြည်နယ် မြစ်ကြီးနားမြို့ မြို့သစ် ကြီး (ဂျန်မိုင်ကောင်း) ရပ်ကွက်၊ အိမ်အမှတ်(၂၄၉)နေ မခေါန်ဆန် ၏ နေအိမ်အား သတင်းအရ ရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၅၉၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃ ဒသမ ၇၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၃၆ သိန်း သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက် လက် စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်