
နေပြည်တော် နိုဝင်ဘာ ၁၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်နေ မခင်အေး၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ သိန်းလွင်ကိုတွေ့ရပြီး ဘိန်းဖြူ သုည ဒသမ ၂၁ ကီလိုကိုလည်းကောင်း။
ကွင်းဆက်အရ ညနေ ၅ နာရီ ၄၅ မိနစ်တွင် လယ်ကုန်းရပ်ကွက်နေ သိန်းလှိုင်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၁ ကီလိုကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် စစ်တွေမြို့ မင်းဂံရပ်ကွက်နေ မောင်ဖြူ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၆၅ ပြားကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရ သည်။
ရဲပြန်ကြား