မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်

နေပြည်တော်    ဇူလိုင်   ၄
ယနေ့   မွန်းလွဲ  ၁  နာရီခွဲ    တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင်  ယင်းမြို့ ၏  စိုးရိမ်ရေမှတ်အောက် သုံးပေခန့် (၉၂ စင်တီ မီတာ) တွင်  ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း  ယင်းမြို့၏  စိုးရိမ်ရေမှတ် သို့ ရောက်ရှိနိုင်သည်။
ယနေ့ မွန်းလွဲ ၁   နာရီခွဲ   တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့တွင် ယင်းမြို့ ၏  စိုးရိမ်ရေမှတ်အောက်  ခုနစ်ပေခွဲခန့်   (၂၂၄ စင်တီမီတာ) တွင် ရောက်ရှိနေသည်။ အဆိုပါ မြစ်ရေသည် နောက်သုံးရက်အတွင်း  ယင်းမြို့၏  စိုးရိမ်ရေမှတ်သို့  ရောက်ရှိနိုင်သည်။
ယနေ့ မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ခြောက်ပေခန့် (၁၈၁ စင်တီ မီတာ) တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
ယနေ့ မွန်းလွဲ  ၁ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ငါးပေခန့် (၁၅၄ စင်တီမီတာ)တွင်    ရောက်ရှိနေသည်။    အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
သို့ဖြစ်ပါ၍ မော်လိုက်မြို့နယ်၊ ကလေးဝမြို့ နယ်၊ မင်းကင်းမြို့နယ်နှင့် မုံရွာမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေ ဖြင့်   အထူးသတိပြုနေထိုင်ကြပါရန်    အကြံပြု အပ်ပါသည်။                       မိုး/ဇလ