မြစ်ရေကြီးမှု အ​ခြေအနေများ

 

နေပြည်တော်   ဇူလိုင်    ၂၆


ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေ သည် ဆိပ်သာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၉ ဒသမ ၃၇ ပေ (၁၂၀၀ စင်တီမီတာ) အထက်သို့ တစ်ပေခွဲခန့် (၄၂ စင်တီမီတာ)  ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက် အတွင်း လေးလက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်သည်။
ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၄၄ ဒသမ ၀၃ ပေ (၁၃၄၂ စင်တီမီတာ) အထက်သို့ နှစ်ပေခွဲခန့် (၆၉ စင်တီမီတာ)  ကျော် လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၈ ဒသမ ၀၆ ပေ (၁၁၆၀ စင်တီမီတာ) အထက်သို့ နှစ်ပေခွဲခန့် (၇၃ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည်   နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင်  ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၅ ဒသမ ၁၀ ပေ (၁၀၇၀ စင်တီမီတာ) အထက်သို့ လေးပေခွဲခန့် (၁၃၆ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
ရွှေကျင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၂ ဒသမ ၉၇ ပေ (၇၀၀ စင်တီမီတာ) အထက်သို့ နှစ်ပေခွဲခန့် (၇၀ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည်  နောက်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၄ ဒသမ ၆၁ ပေ (၇၅၀ စင်တီမီတာ) အထက်သို့ လေးပေခန့် (၁၂၀ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။   အဆိုပါမြစ်ရေသည်    နောက်တစ်ရက်အတွင်း  နှစ်ပေခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
သောင်ရင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၁ ဒသမ ၅၉ ပေ (၉၆၃ စင်တီမီတာ) အထက်သို့ ၁၁ ပေခွဲခန့် (၃၄၄ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။    အဆိုပါမြစ်ရေသည်   နောက်တစ်ရက်အတွင်း  နှစ်ပေခွဲခန့်  မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ငဝန်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၈ ဒသမ ၀၆ ပေ (၁၁၆၀ စင်တီမီတာ)   အထက်သို့   နှစ်ပေခွဲခန့် (၇၃ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက် အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်သည်။
သာပေါင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၀ ဒသမ ၃၄ ပေ (၆၂၀ စင်တီမီတာ)   အထက်သို့   တစ်ပေခွဲခန့် (၃၈ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက် အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်သည်။
တိုးမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ တိုးမြစ်ရေသည် မအူပင်မြို့တွင်  ယင်းမြို့၏  စိုးရိမ်ရေမှတ် ၂၃ ဒသမ ၆၂ ပေ (၇၂၀ စင်တီမီတာ) အထက်သို့    ပေဝက်ကျော်ခန့်   (၁၇ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်  အတွင်း ဒီရေမြင့်တက်ချိန်တွင် စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် မြင့်တက်လာနိုင်သည်။
ဘီးလင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၃ ဒသမ ၅၃ ပေ (၁၀၂၂ စင်တီမီတာ) အထက်သို့ နှစ်ပေခွဲခန့် (၇၄ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည်  နောက်တစ်ရက်အတွင်း  ပေဝက်ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ ရွှေကျင်မြို့နယ်၊ ဘားအံမြို့နယ်၊ မြဝတီမြို့နယ်၊ သာပေါင်းမြို့နယ်၊  မအူပင်မြို့နယ်၊ ဘီးလင်းမြို့နယ်၊ ဆိပ်သာမြို့၊   မဒေါက်မြို့နှင့်  ငါးသိုင်းချောင်းမြို့ အတွင်းရှိ   မြစ်ကမ်းအနီးနှင့်   မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်  အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။     

               
မိုး/ဇလ