မြစ်ရေကြီးမှုအခြေအနေများ

 

မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန် အကြံပြု

နေပြည်တော်  ဇူလိုင်  ၃၁
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ  တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၄၄ ဒသမ ၀၃ ပေ (၁၃၄၂ စင်တီမီတာ)အထက်သို့ တစ်လက်မခန့် (၃ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်ခြောက်နာရီအတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။
ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၈ ဒသမ ၀၆ ပေ (၁၁၆၀ စင်တီမီတာ)အထက်သို့ တစ်လက်မခွဲခန့် (၄ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်ခြောက်နာရီအတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။
ယနေ့ မွန်းလွဲ  ၁၂ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၅ ဒသမ ၁၀ ပေ (၁၀၇၀ စင်တီမီတာ)အထက်သို့ ခြောက်ပေခန့် (၁၈၂ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။   အဆိုပါမြစ်ရေသည်   နောက်တစ်ရက်အတွင်း တစ်ပေခန့်   ကျဆင်းလာနိုင်ပြီး   ယင်းမြို့၏   စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၂ ဒသမ ၉၇ ပေ (၇၀၀ စင်တီမီတာ)အထက်သို့ နှစ်ပေခွဲခန့် (၇၁ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။   အဆိုပါမြစ်ရေသည်   နောက်တစ်ရက်အတွင်း တစ်ပေခန့် ကျဆင်းလာနိုင်ပြီး  ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင်  ယင်းမြို့၏  စိုးရိမ်ရေမှတ်  ၂၈ ဒသမ ၈၇ ပေ (၈၈၀ စင်တီမီတာ)အထက်သို့  လေးပေခန့် (၁၁၈ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည်    နောက်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၄ ဒသမ ၆၁ ပေ (၇၅၀ စင်တီမီတာ)အထက်သို့ လေးပေခွဲခန့် (၁၃၈ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည်   နောက်တစ်ရက်အတွင်း တစ်ပေခွဲခန့် ကျဆင်းလာနိုင်ပြီး  ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၁ ဒသမ ၅၉ ပေ (၉၆၃ စင်တီမီတာ)အထက်သို့    တစ်ပေခန့် (၃၃ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။   အဆိုပါမြစ်ရေသည်   နောက်တစ်ရက်အတွင်း တစ်ပေခွဲခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၈ ဒသမ ၀၆ ပေ (၁၁၆၀ စင်တီမီတာ)အထက်သို့   တစ်ပေခွဲခန့်  (၄၄ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက် အတွင်း   ပေဝက်ခန့်  ကျဆင်းလာနိုင်ပြီး  ယင်းမြို့၏   စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်သည်။
သာပေါင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၀ ဒသမ ၃၄ ပေ (၆၂၀ စင်တီမီတာ)အထက်သို့  နှစ်ပေခွဲခန့် (၆၉ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း နှစ်လက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ပုသိမ်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၁ ဒသမ ၄၈ ပေ (၃၅၀ စင်တီမီတာ)အထက်သို့ တစ်ပေခန့် (၂၄ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည်   နောက်တစ်ရက်အတွင်း ဒီရေမြင့်တက်ချိန်တွင် စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခန့် မြင့်တက် လာနိုင်သည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ တိုးမြစ်ရေသည် မအူပင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၃ ဒသမ ၆၂ ပေ (၇၂၀ စင်တီမီတာ)အထက်သို့ တစ်လက်မခန့် (၃ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။   အဆိုပါမြစ်ရေသည်    နောက်တစ်ရက်အတွင်း ဒီရေမြင့်တက်ချိန်တွင် စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် မြင့်တက် လာနိုင်သည်။
သို့ဖြစ်ပါ၍ ဟင်္သာတမြို့နယ်၊  ဇလွန်မြို့နယ်၊  ရွှေကျင်မြို့နယ်၊ ပဲခူးမြို့နယ်၊ ဘားအံမြို့နယ်၊ မြဝတီမြို့နယ်၊ သာပေါင်းမြို့နယ်၊ ပုသိမ် မြို့နယ်၊ မအူပင်မြို့နယ်၊ မဒေါက်မြို့နှင့် ငါးသိုင်းချောင်းမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်သည်။                                 မိုး/ဇလ