
နေပြည်တော် ဇူလိုင် ၅
ကချင်ပြည်နယ် တနိုင်းမြို့အတွင်း ရှိ ရေဘေးသင့်ပြည်သူများအား စားရေရိက္ခာ (ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်)များ ထောက်ပံ့ ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တနိုင်းမြို့ ဆင်ဆာ့ကောင်း ရပ်ကွက် ယာယီရေဘေးကယ် ဆယ်ရေးစခန်း၌ ပြုလုပ်ရာ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေဘေးသင့် ပြည်သူများနှင့် စေတနာရှင်အလှူ ရှင်များ တက်ရောက်သည်။
စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်
ဦးစွာ တာဝန်ရှိသူ တစ်ဦး က အမှာစကားပြောကြားသည်။ ထို့နောက် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၃၃၁ စု၊ လူဦးရေ ၁၅၈၂ ဦးအတွက် စေတနာရှင် အလှူရှင်များနှင့် မြို့မိမြိုဖများက ဝိုင်းဝန်းလှူဒါန်းသည့် ငွေကျပ်သိန်း ၁၀၀ နှင့် ဆန်အိတ် ၁၅၄ အိတ် နှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ရာ ရေဘေးသင့် ပြည်သူများကိုယ်စား တာဝန်ရှိသူ များက လက်ခံရယူပြီး ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများအား
ကူညီကယ်ဆယ်
အလားတူ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း၌ မိုးသည်းထန် စွာ ရွာသွန်းမှုကြောင့် ချင်းတွင်း မြစ်ရေ မြင့်တက်လျက်ရှိရာ ခန္တီးမြို့၏ စိုးရိမ်ရေမှတ်သည် ၁၃၆၀ စင်တီမီတာဖြစ်ပြီး ယနေ့ အထိ ၁၅၃၅ စင်တီမီတာအထိ မြင့်တက်လျက်ရှိသဖြင့် စိုးရိမ်ရေ အမှတ်ထက် ၁၇၅ စင်တီမီတာကို ကျော်လွန်ခဲ့ကာ ခန္တီးမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာများ အတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
ယနေ့တွင် ဆင်သေကျေးရွာ ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းနှင့် သာစည်ကျေးရွာ ရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းပြီး အဆိုပါ ကျေးရွာများရှိ ရွှေ့ပြောင်းရန် လိုအပ်သော အိမ်ထောင်စုဝင် များအား မြသိန်းတန်ဘုရားကုန်း၊ တပ်ဦးနန္ဒဝန် ဘုန်းတော်ကြီး ကျောင်း၊ ထေရဝါဒဗုဒ္ဓသာသနာ ပြုကျောင်းနှင့် အခြေခံပညာ အလယ်တန်းကျောင်း (ဇီးဖြူ ကုန်း) တို့ရှိ ကယ်ဆယ်ရေးစခန်း များသို့ ကူညီရွှေ့ပြောင်းပေးခြင်း များ ဆောင်ရွက်ပေးကာ ရေဘေး သင့်ပြည်သူများအား လိုအပ် သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်