မော်လမြိုင်ကျွန်းမြို့တွင် လူငယ်နှစ်ဦးကို စစ်မှုထမ်းဆောင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေ

 

နေပြည်တော်   ဇူလိုင်  ၁၇


ဧရာဝတီတိုင်း       ဒေသကြီး မော်လမြိုင်ကျွန်းမြို့တွင်    စစ်မှု ထမ်းဆောင်ရန်  အမည်စာရင်း တွင်ပါဝင်ပြီး လာရောက်သတင်း ပို့ခြင်းမရှိသည့် လူငယ်နှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင်  ၁၄    ရက်တွင်     အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်း တု၊ သတင်းအမှားများကို တရား မဝင်   ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည် ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက် ၍   သက်ဆိုင်ရာ    မြို့နယ်စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့မှ  တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ မော်လမြိုင်ကျွန်းမြို့တွင်    စစ်မှု ထမ်းဆောင်ရန်   အမည်စာရင်း ပါဝင်ပြီး လာရောက်သတင်းပို့ရန် ပျက်ကွက်သူများမရှိကြောင်းနှင့် တရားမဝင်   ပြည်ဖျက်မီဒီယာ များတွင်   ရေးသားဖော်ပြခဲ့သည့် အဆိုပါ   လူငယ်နှစ်ဦးမှာလည်း ပြည်သူ့စစ်မှုထမ်းအမည်စာရင်း တွင် ပါဝင်ခြင်းမရှိကြောင်း ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး တာဝန်ရှိသူများအနေဖြင့် အတည် ပြုပြဋ္ဌာန်းထားသည့် ဥပဒေများ နှင့်အညီ        ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာ များနှင့် ရပ်ရွာတည်ငြိမ်အေးချမ်း ရေးကို     မလိုလားသူများက ပြည်သူ့စစ်မှုထမ်းဥပဒေ   စတင် အာဏာတည်သည့်     နေ့မှစ၍ ပြည်သူလူထု      အထင်အမြင် လွဲမှားစေရန်   လုပ်ကြံရေးသား ထားသည့်  သတင်းတု၊  သတင်း အမှားများဖြင့်    လူမှုကွန်ရက် တွင်       လှုံ့ဆော်ဝါဒဖြန့်ဝေနေ ခြင်းသာဖြစ်ကြောင်း  သတင်းရရှိ သည်။


သတင်းစဉ်