မော်လ်တာနိုင်ငံ၌ ကယ်ဆယ်မှုများလုပ်နေစဉ် ရွှေ့ပြောင်းဒုက္ခသည်အမျိုးသမီးတစ်ဦး သေဆုံး

 

ဗယ်လက်တာ   နိုဝင်ဘာ   ၂၅ 


မော်လ်တာတပ်မတော်က ကယ် တင်ခဲ့သော ရွှေ့ပြောင်းဒုက္ခသည် ၄၃ ဦးပါအဖွဲ့ရှိ အမျိုးသမီးတစ်ဦး သည် မော်လ်တာနိုင်ငံကို  ပြန် ရောက်ပြီးမကြာမီ      သေဆုံးခဲ့ ကြောင်း စစ်တပ်က ကြေညာချက် တွင် ထုတ်ပြန်ဖော်ပြခဲ့သည်။ 
အမျိုးသမီး ၁၂ ဦးနှင့် ကလေး နှစ်ဦးပါ ဒုက္ခသည်များနှင့် ပြည့်  နေသော လှေတစ်စင်းကို ကယ် ဆယ်ခဲ့သည်။ 

 


ကယ်ဆယ်မှုများလုပ်နေ့စဉ် ရွှေ့ပြောင်းဒုက္ခသည်များကို ၎င်း တို့၏လိုအပ်ချက်များအရ ပထမ ဆုံး  ကူညီထောက်ပံ့မှုများလုပ် ဆောင်ခဲ့သည်။ စိတ်မကောင်းလှ စွာနှင့် ဒုက္ခသည်တစ်ဦးမှာ ပြန် ရောက်ပြီးမကြာမီ     သေဆုံးခဲ့ ကြောင်း စစ်ဘက်ကပြောသည်။

 
ကျန်ရှိနေသည့်  ဒုက္ခသည် များသည်    ဆေးဘက်ဆိုင်ရာ ကုသမှုများကို ခံယူလျက်ရှိသည်။ များသောအားဖြင့် ဒုက္ခသည်များ သည်    နေမကောင်းခြင်းများနှင့် မောပန်းနုံးချည့်ခြင်းများကို ခံစား နေရသည်။ 
အဆိုပါလှေသည် ယခုလတွင် မော်လ်တာသို့   အခြေချခဲ့သော ဒုတိယမြောက်     ဒုက္ခသည်လှေ ဖြစ်သည်။ 

ဆင်ဟွာ