
မော်လူး ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့ တိုက်နယ်ဆေးရုံတွင် ဆေးရုံသုံး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းခိုးယူသူအား သံတိုသံစများ ရောင်းချရာမှ တရားခံ တစ်ဦးကို ဖမ်းဆီးရမိသည်။
ဇန်နဝါရီ ၈ ရက် ည ၈ နာရီခန့်က မော်လူး မြို့ မင်းဇေယျာရပ်ကွက်နေ ဦးဆံရှည် သံတိုသံစ ဝယ်ယူသည့်နေအိမ်သို့ မင်းသစ္စာ ရပ်ကွက် (ဟဲနုရွာ) နေထိုင်သူ နေလင်းဦး ဆိုသူက သံတိုသံစများ လာရောက်ရောင်းချ ခဲ့ရာ ဆေးရုံသုံးပစ္စည်းများ ဖြစ်နိုင်ကြောင်း သိရသဖြင့် မော်လူးမြို့မရဲစခန်းသို့ အပ်နှံခဲ့ပြီး ဇန်နဝါရီ ၉ ရက် နံနက် ၇ နာရီတွင် မော်လူးမြို့ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် ကျန်းမာ ရေးဌာနမှတာဝန်ရှိသူများ၊ မော်လူးနယ်မြေ စခန်းမှူး ရဲအုပ်ရွှေခိုင် တို့ ပါဝင်သောပူးပေါင်း အဖွဲ့က သွားရောက်စစ်ဆေးရာ ဆေးရုံဟောင်း ဘိုးဘွားအခန်းမှ နံရံကပ်ပန်ကာ ၁၀ လုံး၊ ပလတ်စတစ်ထိုင်ခုံ အလုံး ၇၀၊ Water Collar တစ်လုံး၊ ဓာတ်မှန်စက်ပစ္စည်းများ၊ Instru-ment ပစ္စည်းပေါင်းအိုး တစ်လုံး၊ ဆေးရုံသုံး အသုံးအဆောင်ပစ္စည်းများ။
Methadone အခန်းမှ မတ်တတ် ပန်ကာအရှည် နှစ်လုံး၊ ဆုံလည်ထိုင်ခုံ တစ်လုံး၊ ခွဲစိတ်ခန်းမှ Aircon သုံးလုံး၊ Duty ခန်းမှ Aircon တစ်လုံးနှင့် ဆေးပစ္စည်းအချို့ (စိစစ်ဆဲ) ပျောက်ဆုံးနေကြောင်းနှင့် အခန်း တိုင်းတွင် တံခါးဖျက်၍ ဝင်ရောက်ထား သည်ကို စစ်ဆေးတွေ့ရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သံတိုသံစ များကို လာရောက်ရောင်းချခဲ့သူ မော်လူးမြို့ မင်းသစ္စာရပ်ကွက် (ဟဲနုကျေးရွာ) နေထိုင်သူ နေလင်းဦး (၂၁) နှစ်အား မော်လူးနယ်မြေ ရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက် ခဲ့ပြီး ဆက်လက်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)