
နေပြည်တော် ဩဂုတ် ၂၉
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ငွေကျပ် ၇ ဒသမ ၇၈ ဘီလီယံ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၇ ရက် နံနက် ၁၁ နာရီခွဲတွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျီးကန်းပြင်စစ်ဆေးရေးဂိတ်တွင် မောင်တောမှ ကြိမ်ချောင်းသို့ အောင်ကျော်လှိုင်(ခ)အောင်ကျော်(ခ)ဂေါက်ကြီး(၃၁)နှစ် မောင်းနှင်ပြီး ဇနီးဖြစ်သူ မလှိုင်လှိုင်ဝေ(ခ)ရည်မွန်သန့်(ခ)မေလေး(၂၆)နှစ် လိုက်ပါ လာသည့် နစ်ဆန်း ရှစ်ဘီး ဆီဘောက်ဆာယာဉ်ကို စစ်ဆေးရန် ရပ်တန့် ခိုင်းစဉ် ယာဉ်မောင်းမှာ ယာဉ်ပေါ်မှ ခုန်ချထွက်ပြေးသွားခဲ့သဖြင့် ပူးပေါင်းအဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရာ ညနေ ၆ နာရီခန့်တွင် အဆိုပါ နေရာနှင့် ခြောက်ဖာလုံခန့်အကွာ တောစပ်တွင် အောင်ကျော်လှိုင်(ခ)အောင်ကျော်(ခ)ဂေါက်ကြီးကို ဖမ်းဆီးရမိခဲ့ပြီး ယာဉ်၏ ဆီသိုလှောင် ကန်ကို ဖွင့်ဖောက်စစ်ဆေးရာ ဒေသကာလတန်ဖိုး ငွေကျပ် ၇ ဒသမ ၇၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၁၇ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ဂရမ် ၈၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်