
နေပြည်တော် သြဂုတ် ၂
ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်ရှိ ရပ်ကွက် တစ်ခုကို လူငယ် ၃၀ စီ စစ်သင်တန်း တက်ရောက်ရန် တပ်မတော်က အဓမ္မ တောင်းခံနေသည့်အတွက် မွတ်ဆလင် လူငယ်များ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေး နေကြောင်း မီဒီယာအမည်ခံ AA အကြမ်းဖက်အဖွဲ့၏ လူမှုကွန်ရက်များတွင် မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း သိရှိရပြီး AA အကြမ်းဖက်သမားများက ရခိုင်ပြည်နယ် မောင်တောမြို့အား တိုက်ခိုက်ရာတွင် စစ်ရေးနှင့်မသက်ဆိုင်သည့် မြို့/ရွာများကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့် အရပ်သား ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် အတွက် ဒေသခံပြည်သူများက ထိုသို့ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ သည့် AA အကြမ်းဖက်သမားများကို လက်မခံ ကြောင်း ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။ ထိုသို့ AA အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် တရားမဝင် ပြည်ဖျက်မီဒီယာများက ဒေသခံပြည်သူများ အထင်အမြင်လွဲမှားလာစေရန် ယခုကဲ့သို့ မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားပြီး ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်