
ရာဘတ် ဇန်နဝါရီ ၃
မော်ရိုကိုနိုင်ငံ၌ ကိုဗစ် - ၁၉ ကာကွယ်ဆေး တတိယအကြိမ် ထိုးပြီးသူ ၃၀၀၅၃၆၃ ဦး ရှိသည် ဟု ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်တွင် ကြေညာခဲ့ သည်။ ယခုအချိန်အထိ မော်ရိုကို နိုင်ငံတွင် ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသူ ၂၂၉၃၄၂၇၂ ဦးရှိပြီး တစ်ကြိမ် ကာကွယ်ဆေးထိုးပြီး သူဦးရေမှာ ၂၄၅၆၀၉၄၂ ဦးရှိသည် ဟု သိရသည်။ မော်ရိုကိုနိုင်ငံသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၈ ရက်မှ စတင်ကာ ကာကွယ်ဆေးထိုးနှံမှု များကို စတင်ခဲ့သည်။ ဆင်ဟွာ