
နေပြည်တော် ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ ဇွန် ၁၇ ရက်က ရွှေထည်များ လိုက်လံရောင်းချနေသူကို စစ်ဆေးရာ နေအိမ်တစ်အိမ်မှ ခိုးယူလာသောပစ္စည်းများဖြစ်ကြောင်း သိရှိရသောကြောင့် ဖမ်းဆီး အရေးယူထားသည်။
ဖြစ်စဉ်မှာ ဇွန် ၁၇ ရက် မွန်းတည့် ၁၂ နာရီခန့်က မဟာအောင်မြေ မြို့နယ် မဟာအောင်မြေအနောက်ရပ်ကွက် ၈၃ လမ်းနှင့် ၈၅ လမ်းကြား ၃၉ လမ်း၌ အမျိုးသားတစ်ဦး ရွှေထည်များ လိုက်လံရောင်းချနေ ကြောင်း သတင်းအရ မဟာအောင်မြေနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးရာ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၅)ရပ်ကွက်နေ ဟိန်းထက်မြင့်(၁၈)နှစ်ကို ရွှေထည်ပစ္စည်းမျိုးစုံ ရှစ်မျိုး၊ ငွေစက္ကူ ၆၀၀,၀၀၀ ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းကို စစ်ဆေး ရာ အဆိုပါရွှေထည်ပစ္စည်းများနှင့် ငွေများကို နံနက် ၉ နာရီတွင် ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ ခိုးယူ လာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသောကြောင့် ဟိန်းထက်မြင့်ကို မဟာအောင်မြေနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား