မီးပေါ့ဆမှုကြောင့် လူနေအိမ် သုံးလုံး မီးလောင်ဆုံးရှုံး

 

နတ်တလင်း   မတ်   ၃ 


ပဲခူးတိုင်းဒေသကြီး  နတ်တလင်းမြို့နယ် ဇီးပင်ကွေ့ရွာ၌  မတ် ၃ ရက်  နံနက် ၃ နာရီ ၅ မိနစ်ခန့်က  ဒေါ်တင်စန်း(၅၄ နှစ်) နေအိမ်မီးဖိုဆောင် မီးကြွင်းမီးကျန်မှတစ်ဆင့် စတင်လောင်ရာ လူနေအိမ် သုံးလုံး မီးလောင် ဆုံးရှုံးသွားကြောင်း၊ မီးလောင်ရာသို့ တာပွန်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ နတ်တလင်းမြို့နယ် မီးသတ်စခန်းမှ တစ်စီး စုစုပေါင်း သုံးစီး၊ မီးသတ်တပ်ဖွဲ့နှင့်အတူ   ကျေးရွာနေပြည်သူများက   ဝိုင်းဝန်းငြှိမ်းသတ်ကြကြောင်း၊ မီးလောင်ရာသို့ တာပွန်နယ်မြေရဲစခန်း မှ  စခန်းမှူးနှင့်  ရဲတပ်ဖွဲ့ဝင်များ   သွားရောက်ကူညီဆောင်ရွက်ပေး ကြောင်းနှင့်  မီးပေါ့ဆသူ  ဒေါ်တင်စန်းအား  အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။ 


တင်မြင့်(နတ်တလင်း)