
ဝါရှင်တန် ဒီဇင်ဘာ ၂၄
အမေရိကန်ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကြီး ဖြစ်သည့် မီရက်ခ်မှ ထုတ်လုပ်သော ကိုဗစ်- ၁၉ သောက်ဆေးများကို အမေရိကန် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး (အက်ဖ်ဒီ အေ)မှ ခွင့်ပြုချက်ပေးခဲ့သည်။
အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ အပျော့စားရောဂါလက္ခဏာ ခံစားရသူများကို အဆိုပါဆေးအသုံးပြုခွင့်ပေးရန် အက်ဖ်ဒီအေ က ခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆေးသည် ခန္ဓာကိုယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် များ အဆတိုးလာခြင်းကို ကာကွယ်ပေး သည်ဟု သိရသည်။
မီရက်ခ်ကုမ္ပဏီကြီးသည် လူနာပေါင်း ၃ ဒသမ ၁ သန်းအတွက် ဆေးဝါးထောက်ပံ့ ပေးရန် အမေရိကန်အစိုးရနှင့် သဘောတူထား သည်။ ကိုဗစ် -၁၉ ရောဂါလက္ခဏာပြင်းထန် သည့် လူနာများဖြင့် လက်တွေ့စမ်းသပ်မှုများပြုလုပ်ပြီးနောက် အက်ဖ်ဒီအေက ခွင့်ပြုချက် ပေးခဲ့ခြင်းဖြစ်သည်။
လူနာအတွက် အဆိုပါ ဆေးသောက် သုံးခြင်းဖြင့် ဆိုးကျိုးထက်ကောင်းကျိုးက အလေးသာသည်ဟု ကျန်းမာရေးစောင့်ရှောက် သူက ဆုံးဖြတ်ပြီးမှသာ ကိုယ်ဝန်ဆောင် များအတွက် ခွင့်ပြုချက်ပေးသွားမည်ဟု အက်ဖ်ဒီအေက ပြောသည်။
အင်န်အိတ်ချ်ကေ