မိမိကိုယ်မိမိ နှိမ့်ချခြင်းသည် မင်္ဂလာမည်၏

Type
1

 

ကျော်ကျော်လှိုင်

ဂါရဝေါစ ခေါ် ရိုသေထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာမည်၏ တရားကို ဟောပြီးနောက် နိဝါတောစ ခေါ် မိမိစိတ်ကို နှိမ့်ချနိုင်ခြင်းသည် မင်္ဂလာမည်၏ ဟု ဗုဒ္ဓဘုရားရှင်က ဆက်ဟောပါသည်။ အလွန်ဆက်စပ်မှု ရှိပါသည်။ ရိုသေထိုက်သူကို ရိုသေသမှုပြုရန် မိမိစိတ်ကို နှိမ့်ချရပါမည်။ စိတ်ကို နှိမ့်ချရန် မာန်မာနတွေကို လျှော့ရပါမည်။ ပုထုဇဉ်လူသားများသည် မာန်မာနကိုလျှော့ရန် ခက်ပါသည်။ အထူးသဖြင့် ချမ်းသာကြွယ်ဝသူ၊ ရာထူးအာဏာ ရှိသူ၊ အောင်မြင်ကျော်ကြားသူအများစုသည် မာန်မာနကြီးကြပါသည်။ ရာထူးအာဏာသည် မတည်မြဲပါ။ ရာထူးအာဏာရလာသည့်အခါ ရာထူးဂုဏ်မောက်ကာ မိမိနှင့် ရင်းနှီးသည့် မိတ်ဆွေများကိုပင် ဆက်ဆံမှု စိမ်းကားလာသူများကို တွေ့မြင်ရလေ့ရှိပါသည်။ ဤကဲ့သို့ ရာထူးဂုဏ်မောက်သူများသည် ရာထူးအာဏာမရှိတော့သည့်အချိန်တွင် လူ့အသိုင်းအဝိုင်းကို ပြန်ဝင်ရန် ခက်ခဲကြမည်ကို သတိပြုသင့်ပါသည်။

 

တရားနည်းဖြင့်          ကြည့်လျှင် မည်သည့်အရာမှ မတည်မြဲပါ။ မတည် မြဲသည့်အရာများအပေါ် မာန်မာနထား နေခြင်းသည်    အယူလွဲနေခြင်းဖြစ်ပါ သည်။  မိမိစိတ်ကို   နှိမ့်ချခြင်းသည် အလွန်လေးစားဖို့ကောင်းသည့်   အရည် အသွေးတစ်ခုဖြစ်ပါသည်။     ပညာရှိ သူတော်ကောင်းများကလည်း မိမိကိုယ် မိမိ နှိမ့်ချသူများကို ချီးမွမ်းကြပါသည်။ အထူးသဖြင့်  ရာထူးအာဏာရှိသူ၊ ချမ်း သာကြွယ်ဝသူ၊ အောင်မြင်ကျော်ကြား သူက မိမိကိုယ်မိမိ နှိမ့်ချပြောဆိုပြုမူတာ ကို တွေ့ရသည့်အခါ လူတွေက ချစ်ခင် လေးစားကြည်ညိုကြပါသည်။  အမျိုး သား    ခေါင်းဆောင်ကြီး   ဗိုလ်ချုပ် အောင်ဆန်း၏ နှိမ့်ချသည့်စိတ်ထားကို အောက်ပါအဖြစ်အပျက်မှ သိနိုင်ပါသည်။

 


တစ်ခါ၌ ဗိုလ်ချုပ်က ပဒေသာကပွဲတစ်ခု ကို ကြည့်ချင်သည့်အတွက် ကိုယ်ရေး အရာရှိကို  လက်မှတ်ဝယ်ခိုင်းပါသည်။ ကိုယ်ရေးအရာရှိက “ဗိုလ်ချုပ်အတွက် အထူးတန်းက    စီစဉ်လိုက်မယ်” ဟု ပြောသောအခါ ဗိုလ်ချုပ်က “မလုပ်နဲ့” ဟု ဆိုကာ လက်မှတ်သာ ဝယ်ခိုင်းလိုက်ပါ သည်။     ညနေ   ပွဲပြချိန်နီးသောအခါ ဗိုလ်ချုပ်နှင့်   မိသားစု   ပဒေသာကပွဲကို ရောက်လာပါသည်။ ဗိုလ်ချုပ်လာမည်ကို သိ၍ စောင့်နေသော ပဒေသာကပွဲ စီစဉ် သူများကလည်း အထူးတန်းမှာထိုင်ရန် ဗိုလ်ချုပ်ကိုပြောပါသည်။ ဗိုလ်ချုပ်က လက်မခံဘဲ  လက်မှတ်ဝယ်ထားသည့် ထိုင်ခုံတွင်သာ   မိသားစုနှင့်ထိုင်ကာ ပျော်ပျော်ရွှင်ရွှင်  ကြည့်သွားပါသည်။ ဗိုလ်ချုပ်၏ နှိမ့်ချသည့်စိတ်၊ ပကာသနကို မမက်မောသည့်စိတ်၊ ရိုးသားဖြောင့်မတ် သည့်စိတ်ကို မြန်မာပြည်သူ ပြည်သား တွေ  ချစ်ကြခြင်းဖြစ်ပါသည်။  ရိုသေ လေးစားကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီဖြစ်သော်လည်း ဗိုလ်ချုပ် ကို ကျွန်တော်တို့ ချစ်ခင်ဆဲ၊ လေးစားဆဲ ဖြစ်ပါသည်။

 


ယနေ့ ရာထူးအာဏာရှိသူ၊ ငွေကြေး ချမ်းသာသူ၊ အောင်မြင်ကျော်ကြားသူ အများစုသည်    မိမိကိုယ်မိမိနှိမ့်ချရန် အားနည်းသည့်အပြင်   ပွဲလမ်းသဘင် အခမ်းအနားများတွင် ဗွီအိုင်ပီ (VIP) နေရာကိုသာ လိုချင်ကြပါသည်။ တချို့က ဗွီအိုင်ပီသာမက ဗွီဗွီအိုင်ပီ (VVIP)နေရာ ပေးရန် တောင်းဆိုကြပါသည်။ မရသည့် အခါ စိတ်ဆိုးကြသည်ကိုလည်း   တွေ့ရ လေ့ရှိပါသည်။ မိမိကိုယ်မိမိ ဗွီအိုင်ပီဟု သတ်မှတ်ခြင်းသည်  မိမိစိတ်ချမ်းသာမှု ကို   တစ်ပါးသူလက်ထဲသို့  ထည့်ခြင်း         ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မိမိကို ဗွီအိုင်ပီအဖြစ် ပြုမူပြောဆိုခြင်း မခံရလျှင်  စိတ်ဆင်းရဲဒေါသ  ဖြစ်ရပါ မည်။   မိမိကိုယ်မိမိ   နှိမ့်ချသူသည် အလိုရမ္မက်နည်း၍ စိတ်ချမ်းသာမှုကိုရပါ မည်။   ကိုယ်က    နေရာမလိုချင်တိုင်း လူတွေက       နေရာပေးချင်သည်မှာ  လောက၏ သဘာဝတရားဖြစ်ပါသည်။

 


ဘွဲ့ထူး ဂုဏ်ထူးများ ပိုင်ဆိုင်ထား၍ ပညာမာန်တက်နေသူများလည်း   ရှိပါ သည်။  “ငါ ပညာတတ်သည်၊   ငါဘွဲ့ထူး ဂုဏ်ထူးတွေ   အများကြီးရထားသည်” ဆိုကာ ပညာမာနကြောင့် မိမိကိုယ်မိမိ မနှိမ့်ချနိုင်ဖြစ်နေကြသူများဖြစ်ပါသည်။ “ငါ” ဆိုသည့် အတ္တကြီးသူများဖြစ်ပါ သည်။ “ငါ” ဆိုသည့်   အတ္တကြောင့် အသိပညာ   ဆက်လက်ဆည်းပူးရန် တံခါးပိတ်သွားပါသည်။ ဓားဆိုသည်မှာ အမြဲသွေးနေမှ ထက်မည်ဖြစ်ပါသည်။ ထိုနည်းတူ ပညာသည်လည်း   အမြဲ ဆည်းပူးလေ့လာနေရန် လိုအပ်ပါသည်။ မာနကြောင့် လေ့လာဆည်းပူးခြင်းကို ရပ်တန့်လိုက်ပါလျှင် မိမိ၏ ပညာအဆင့် လည်း တဖြည်းဖြည်း နိမ့်ကျသွားပါမည်။ “ငါအတတ်ဆုံး၊ ငါ အတော်ဆုံး” ဆိုသော မာနသည်  တစ်နေ့ မိမိထက်တော်သူ၊ တတ်သူ၊  ထက်မြက်သူနှင့်   တွေ့သော အခါ အရှက်ရပါမည်။

 


နှိမ့်ချခြင်းနှင့်ပတ်သက်၍ ဆရာကြီး ဦးဖိုးကျားရေးခဲ့သည့် “အခမဲ့ကူလီထမ်း ခြင်းအကျိုး” ဆိုသည့်ဖြစ်ရပ်မှန်ဝတ္ထုကို ပြောပြလိုပါသည်။

 


အခမဲ့ ကူလီထမ်းခြင်းအကျိုး


ဆရာကြီးဦးဖိုးကျားသည်  မြို့ငယ် တစ်ခုသို့ အမျိုးသားကျောင်းကို စစ်ဆေး ရန် မီးရထားဖြင့် သွားပါသည်။ ဆရာကြီး ဦးဖိုးကျား၏မိတ်ဆွေက လာကြိုသော် လည်း           ဘူတာအနီးတွင်နေသည့် မိတ်ဆွေဟောင်းအိမ်ကို ဝင်လည်လို၍ လာကြိုသူကို  ဆရာကြီးက  ပြန်လွှတ် လိုက်ပါသည်။ ဘူတာမှ ထွက်ခါနီးတွင် သပ်ရပ်စွာ ဝတ်ဆင်ထားသော သနား ကမား လူငယ်တစ်ယောက် စိတ်ဆိုးနေ သည့်ပုံကို တွေ့ရ၍ ဆရာကြီး ဦးဖိုးကျား က  အကျိုးအကြောင်းကို  မေးပါသည်။ အိမ်က လာမကြို၍တစ်ကြောင်း၊ မြင်း လှည်းလည်း မရှိတော့၍ တစ်ကြောင်း၊ အိတ်သယ်မည့်သူ            မရှိသည်က တစ်ကြောင်းတို့ကြောင့်   စိတ်မကြည် မသာ ဖြစ်နေရကြောင်း  ပြောပါသည်။ ဆရာကြီးက အိတ်ကို အိမ်အထိ ကူသယ် ပေးမည်ဟုပြောရာ   လူငယ်ကလည်း ကူလီခပေးပါမည်ဟု    ပြောပါသည်။ ဆရာကြီး  ဦးဖိုးကျားလည်း  အိတ်ကို ဆွဲပြီး လူငယ်နှင့်အတူ လမ်းလျှောက်ကာ လူငယ်အိမ်သို့    လိုက်ပို့ပေးပါသည်။ လမ်းတွင်  လူငယ်က  သူ၏အမည်မှာ မောင်သောင်းဖြစ်ပြီး ကောလိပ်ကျောင်း သား တစ်ယောက်ဖြစ်ကာ ကျောင်းပိတ် ၍ အိမ်ပြန်လာကြောင်းနှင့် ကောလိပ် အတွေ့အကြုံများကို   ကြွားဝါပြောဆို ပါသည်။   ဆရာကြီးဦးဖိုးကျားသည် အမျိုးသားပညာဝန်   တစ်ယောက်ဖြစ် သော်လည်း မိမိအကြောင်းကို မပြောဘဲ မိမိကိုယ်မိမိနှိမ့်ချ၍      အိတ်ဆွဲကာ မောင်သောင်းကို     အိမ်အထိ   ပို့ပေးခဲ့ ပါသည်။

 


မောင်သောင်း၏ဖခင်သည် ကျောင်း ဥက္ကဋ္ဌဖြစ်၍ နောက်တစ်နေ့တွင် ဆရာ ကြီးဦးဖိုးကျားနှင့် ကျောင်းကော်မတီဝင် များကို အိမ်သို့ ထမင်းစားဖိတ်သည့်အခါ မောင်သောင်းလည်း အဖြစ်မှန်ကို သိပြီး ကြွားဝါခြင်းထက်     နှိမ့်ချခြင်းသည် ပညာရှိသူတော်ကောင်းများ၏      အမူ အကျင့်ဖြစ်သည်ကို  နားလည်သွားပါ သည်။ ရန်ကုန်ရှိ ဆရာကြီး ဦးဖိုးကျား အိမ်သို့လည်း ငှက်ပျောခိုင်ကို ထမ်း၍ မောင်သောင်း သွားရောက်ပြီး ဆရာကြီး ကို  ကန်တော့ကာ  အမြင်မှန်ရရှိသည့် အကြောင်းကို ပြောပြပါသည်။

 


ဆရာကြီးဦးဖိုးကျား၏ အခမဲ့ကူလီ ထမ်းခြင်း၏ အကျိုးသည် ပညာမာန ကြောင့်  မာန်တက်နေသည့် ကောလိပ် ကျောင်းသား မောင်သောင်းအကြောင်း ဖြစ်ပါသည်။

 


ပညာကြောင့်       မာန်တက်သလို  ရုပ်ဆင်းအင်္ဂါ  ပြေပြစ်ချောမောလှပ၍ မာန်တက်သူများလည်း     ရှိပါသည်။ မာန်မာနရှိသူသည်     နှိမ့်ချရန်ခက်ပါ သည်။   နှိမ့်ချမှုကို   မပြုလုပ်သူသည် နိဝါတောစ   မင်္ဂလာတရားတော်နှင့် မကိုက်ညီပါ။

 


ရုပ်ဆင်းအင်္ဂါပြေပြစ်ချောမောလှပ၍ မာန်တက်သူများနှင့်  ပတ်သက်၍ ဗုဒ္ဓ ဘုရားရှင်   သက်တော်ထင်ရှားရှိစဉ်က ဗိမ္ဗိသာရမင်းကြီး၏ ခေမာမိဖုရားသည် ချောမောလှပ၍      အလှဂုဏ်ကြောင့် မာန်တက်နေပါသည်။ တစ်နေ့သောအခါ ဝေဠုဝန်ကျောင်းတော်ကြီး  သာယာပုံ၊ ကြည်နူးဖွယ်ကောင်းပုံကို  မင်းကြီးက ခေမာမိဖုရားကြီးကို ခေါ်ဆောင်  ပြသ ရာမှ ဗုဒ္ဓဘုရားရှင်နှင့် ဆုံမိပါသည်။ ဗုဒ္ဓ ဘုရားရှင်က ခေမာမိဖုရားကြီး၏ လှပ သည့် အဆင်းကြောင့်ဖြစ်သည့် မာနကို သတိတရားရစေလို၍ မိဖုရားကြီးထက် အဆပေါင်းများစွာ ချောမောလှပသော နတ်သမီးတစ်ပါးကို  ဖန်ဆင်းပြီး   ဗုဒ္ဓ ဘုရားရှင်ကို  ယပ်ခပ်စေသည်။   ခေမာ မိဖုရားကြီးသည် မိမိထက်  အဆပေါင်း များစွာ ချောမောလှပသော အမျိုးသမီးကို အာရုံစိုက်ကြည့်နေစဉ် အမျိုးသမီးသည် တစ်စတစ်စ အိုမင်းရင့်ရော်လာသည်။ ထို့နောက် ဝေဒနာကြောင့် ညည်းညူကာ ကြမ်းပြင်ပေါ်သို့ လဲကျရာမှ သေဆုံးသွား သည်။  အဖြစ်အပျက်ကို  မြင်ရသော ခေမာမိဖုရားကြီးလည်း သတိသံဝေဂ တရားရကာ ဘိက္ခုနီဘဝသို့ ကူးပြောင်း ခဲ့ပါသည်။ 

 


ရုပ်ဆင်းအင်္ဂါ    ပြေပြစ်ချောမော လှပသူများသည် မိမိ၏ရုပ်အဆင်းကို အားကိုး၍ မာန် မတက်သင့်ပါ။ ရုပ်ဆင်း အင်္ဂါပြေပြစ်    ချောမောလှပခြင်းသည် မမြဲသည့်တရား  ဖြစ်ပါသည်။       စိတ် လှပခြင်းသာ ရေရှည်တည်တံ့နိုင်ပါသည်။ မိမိစိတ်ကို နှိမ့်ချနိုင်သူသည် စိတ်လှ သူဖြစ်ပါသည်။       တစ်ဖက်သားကို လေးလေးစားစားဆက်ဆံခြင်းကို မိမိ စိတ်ကို မိမိနှိမ့်ချနိုင်သူများသာ  ဆောင် ရွက်နိုင်ပါသည်။    အမေရိကန်နိုင်ငံ၏  ၄၄  ယောက်မြောက်  သမ္မတဖြစ်ခဲ့သူ ဘားရက်အိုဘားမားသည်   မိမိစိတ်ကို အလွန်နှိမ့်ချသည့်   သမ္မတကြီးဖြစ်ပါ သည်။ ဘားရက်အိုဘားမားသည် အမေရိ ကန်နိုင်ငံ၏ ပထမဦးဆုံးသောလူမည်းသမ္မတဖြစ်သော်လည်း လူတိုင်းအပေါ် လေးလေးစားစား   ဆက်ဆံတတ်သည့် သမ္မတကြီး၏     အမူအကျင့်ကြောင့် အမေရိကန်ပြည်သူများက သမ္မတကြီးကိုချစ်ကြပါသည်။ ၂၀၁၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင်         သမ္မတကြီးသည်ခရီးထွက်ရန်အတွက်   မရိန်း  ၁ ခေါ်  ရဟတ်ယာဉ် ပေါ်သို့အတက်  ရဟတ်ယာဉ် လှေကားခြေရင်းတွင် အလေးပြု၍ နှုတ်ဆက်နေသူ မရိန်းတပ်သားကို သတိမပြုမိဘဲ ရဟတ်ယာဉ်ပေါ်သို့ တက်သွားပါ သည်။ ရဟတ်ယာဉ်ပေါ်ရောက်မှ မရိန်းတပ်သားကို သတိပြုမိ၍ ပြန်ဆင်းလာပြီး မရိန်းတပ်သားကို  ဂရုတစိုက် လက်ဆွဲနှုတ်ဆက်ပါသည်။ ဤအဖြစ် အပျက်ကို စီအင်န်အင်န်မှ ထုတ်လွှင့်ပြသခဲ့ပါသည်။    အမေရိကန်နိုင်ငံ၏   သမ္မတကြီးဖြစ်သော်လည်း  မရိန်းတပ်သားကို လေးလေးစားစား နှုတ်ဆက်နေ ခြင်းသည်    သမ္မတကြီး၏     နှိမ့်ချသည့်စိတ်ကို   ဖော်ပြပါသည်။

 


နိဂုံးချုပ်အနေဖြင့်   လွဲမှားသည့်မာနများကို ရှောင်ရှားနိုင်မှသာ မိမိ၏ စိတ်ကို နှိမ့်ချနိုင်ပါမည်။ မိမိကိုယ်မိမိ နှိမ့်ချနိုင်သူကို သူတော်ကောင်းများ၊ ပညာရှိများက    ချီးမွမ်းကြပြီး     လူအများ၏    ချစ်ခင်လေးစားမှုကိုလည်း ရရှိပါမည်။ နိဝါတောစ မင်္ဂလာကို   ကျင့်ကြံအားထုတ်သူသည်   မင်္ဂလာ တရားတော်နှင့်အညီ     ချမ်းသာအောင်မြင်မှုကို ရရှိပါမည်။

 


“မှတ်သားစရာ” 


ပညာတတ်သူ၊ ရုပ်အဆင်းပြည့်စုံသူ၊    ရာထူး အာဏာရှိသူတို့သည့် မာန်မာနကိုချိုးနှိမ်၍ တစ်ဖက် သားကို လေးလေးစားစားဆက်ဆံပါမှ ပညာရှိ သူတော်ကောင်းများ ဖြစ်ပါမည်။
 

ကျမ်းကိုး 
၁။ ဇာတ်တော်  ငါးရာ့ငါးဆယ်။  မာဏဝ ပြုစုသည်။ 
၂။     အမျိုးသားပညာဝန်     ဦးဖိုးကျား၏ (ကိုယ်တွေ့ဝတ္ထုများ)။ 
၃။     မင်္ဂလာ အဘိဓာန်။ နိုင်ပြည်သူ။