
နေပြည်တော် ဒီဇင်ဘာ ၁၄
မိန်းကလေးများကို တရုတ်နိုင်ငံသို့ ပို့ဆောင် ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ် နှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ရန်ကြီးအောင်ကျေးရွာနေ ဒေါ်သန်းသန်း မြင့်၊ ဦးသန့်ဇင်(တိမ်းရှောင်)၊ ဝေယံဦး (တိမ်းရှောင်)နှင့် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် လက်ပံတောကျေးရွာနေ အောင်မိုးကျော် (မိ)တို့က ရန်ကုန်တိုင်းဒေသ ကြီး တွံတေးမြို့နယ်နေ မ xxx ၊ ၁၉ နှစ်၊ မ xxx ၊ ၁၇ နှစ်နှင့် မ xxx ၊ ၁၉ နှစ်တို့ကို တရုတ်နိုင်ငံ ရွှေလီမြို့ရှိ အကင်ဆိုင်၌ အလုပ်လုပ်ကိုင်ပါက စရိတ်ငြိမ်း တစ်လလျှင် ငွေကျပ် သုံးသိန်းရရှိမည်ဟု ပြောဆိုစည်းရုံး ပြီး တရုတ်အမျိုးသားထံ ပို့ဆောင်ရောင်းစား ခဲ့သဖြင့် တွံတေးမြို့မ ရဲစခန်းက(ပ) ၉၄၈/ ၂၀၁၈၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၈(က) ဖြင့် အမှုရေးဖွင့်ခဲ့ပြီး တောင်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၁၀ ရက်တွင် တရားခံ အောင်မိုးကျော်အား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၈(က) အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန်နှင့် တိမ်းရှောင်တရားခံ များကို တရားခံပြေးကြေညာခဲ့ကြောင်း သိရ သည်။
သတင်းစဉ်