မိန်းကလေးနှစ်ဦးကို လိမ်လည်ခေါ်ဆောင်၍ လူကုန်ကူးမှုကျူးလွန်သူများအား ထောင်ဒဏ်ချမှတ်

 

နေပြည်တော် အောက်တိုဘာ ၂၉


မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့်  အလုပ်နှင့်  ထောင်ဒဏ်  ၁ဝ  နှစ်ချမှတ်ခဲ့ကြောင်း  လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် (၆)ရပ်ကွက်နေ မ xxxx   (၁၇ နှစ်)ကို ၎င်းနှင့် ရည်ငံ နေသူ အမှတ်(၃၉၄) ထီးလင်း လမ်း (၁၀)ရပ်ကွက်  လှိုင်သာယာ မြို့နယ်     ရန်ကုန်တိုင်းဒေသကြီးနေ    စည်သူ(ခ)မောင်စည် (တိမ်းရှောင်)နှင့်    ၎င်း၏မွေးစားမိခင်ဖြစ်သူ  ဒေါ်ချိုကြီး(ခ)မသွယ်သွယ်လင်းတို့နှစ်ဦးက  တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ပါက ဝင်ငွေကောင်းကြောင်း   ပြောဆိုစည်းရုံး၍     တရုတ်အမျိုးသားထံ   ရောင်းစားခဲ့သဖြင့်   လှိုင်သာယာမြို့မရဲစခန်း (ပ)၄၅၃၂/၂၀၁၈၊     လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ   ၂၄/၃၂ ဖြင့်   အမှုရေးဖွင့်ခဲ့ပြီး   ရန်ကုန်တိုင်းဒေသကြီး  မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ  အောက်တိုဘာ  ၂၆  ရက်တွင်   တရားခံ ဒေါ်ချိုကြီး(ခ)   မသွယ်သွယ်လင်းကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး   ဥပဒေပုဒ်မ ၂၄/၃၂ အရ အလုပ် နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန်နှင့် တိမ်းရှောင် တရားခံအား တရားခံပြေးကြေညာခဲ့ကြောင်း သိရသည်။


ထို့အတူ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်  (၂၀)ရပ်ကွက်နေ မ xxxx  (၁၇ နှစ်)ကို နေအိမ် နှင့်   မျက်နှာချင်းဆိုင်နေ   မချစ်စု(ခ)ချစ်စုမ  (၁၉ နှစ်) (ဘ)ဦးစန်းလွင်နှင့် ၎င်း၏ အဒေါ်ဖြစ်သူ ဒေါ်အေးမော် (၄၅ နှစ်) (ဘ)ဦးအောင်ကြင် အမှတ်(၄၈) အောင်ဇေ ယျလမ်း သင်္ဃန်းကျွန်းမြို့ နယ် ရန်ကုန်တိုင်းဒေသကြီးနေသူတို့က အိမ်အကူလုပ်ငန်းလုပ်ကိုင် လိုပါက လိုက်ခဲ့ရန် ပြောဆိုခေါ်ဆောင် သွားပြီး အမျိုးသားတစ်ဦးထံတွင် ပြည့်တန်ဆာအဖြစ်  အဓမ္မ ခိုင်းစေခဲ့သဖြင့် လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေရဲစခန်း(ပ)၄၇၄/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့်    အမှုရေးဖွင့်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ ခဲ့ရာ အောက်တိုဘာ ၂၆ ရက်တွင်  တရားခံ   မချစ်စု(ခ)ချစ်စုမနှင့်   ဒေါ်အေးမော်တို့   နှစ်ဦးကို   လူကုန်ကူးမှုတားဆီးကာကွယ်ရေး  ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ်   ၁၀ နှစ်စီ   ကျခံစေရန်   အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။                       
   

သတင်းစဉ်