
နေပြည်တော် မတ် ၁၀
မိန်းကလေးတစ်ဦးကို လုပ်အားခများ ခေါင်းပုံဖြတ်၍ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သူအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်တစ်သက် ချမှတ် ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် ကမြော ကြီးကျေးရွာနေ ဟန်ဦးနှင့် ၎င်း၏ဇနီး မဇင်မာထွေးတို့က တနင်္သာရီ တိုင်းဒေသကြီး လောင်းလုံးမြို့နယ်နေ တူမဖြစ်သူ မ --- (၁၇ နှစ်)အား ကျောင်းပိတ်ချိန်ကာလအတွင်း ထိုင်းနိုင်ငံ ကရဘူရိမြို့ရှိ အထည်ဆိုင် တွင် အလုပ်လုပ်ကိုင်ရန် စည်းရုံးပြောဆို၍ ထိုင်းနိုင်ငံရှိ ရော်ဘာခြံ နေအိမ်သို့ခေါ်ဆောင်ကာ ရော်ဘာခြစ်သည့် အလုပ်ခိုင်းစေ၍ လုပ်အားခ များ ခေါင်းပုံဖြတ်ရယူခြင်း၊ ဟန်ဦးက ဓားထောက်ခြိမ်းခြောက်၍ သားမယားအဖြစ် အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သဖြင့် မောင်းမကန် နယ်မြေရဲစခန်း၊ (ပ) ၂/ ၂၀၂၁၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/ ၂၉ နှင့် မောင်းမကန်နယ်မြေရဲစခန်း၊ (ပ) ၄/ ၂၀၂၁၊ ရာဇသတ် ကြီးပုဒ်မ ၃၇၆တို့ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ထားဝယ်ခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ မတ် ၈ ရက်တွင် တရားခံ ဟန်ဦးကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/ ၂၉ အရ ထောင်ဒဏ်တစ်သက်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၁) အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်အား တစ်ပေါင်းတည်းကျခံစေရန်နှင့် တရားခံ မဇင်မာထွေးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်