မြိတ်၊ မော်လမြိုင်နှင့် လောက်ကိုင်မြို့တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်  ဒီဇင်ဘာ ၂၃


မူးယစ်ဆေးဝါး     တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များ ပါဝင်သော   ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီ တွင် မြိတ်မြို့နယ် ပဆွပ်ကျေးရွာ အုပ်စု    မရမ်းပင်ချောင်းကျေးရွာ အနီးတွင်       မျိုးဇော်ထိုက်ကို ဆာလာအိတ်   တစ်လုံးနှင့်အတူ မသင်္ကာဖွယ်      တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား    ၄၀၀၀၀   ကိုလည်း ကောင်း၊ ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၂   နာရီခွဲတွင်   မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များ   ပါဝင် သော       ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မြို့ ကွင်းရပ်ရပ်ကွက် ဇင်ယော်လမ်း အိမ်အမှတ်(၂၀)ရှိ ဇာနည်(ခ)အရွတ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၇၇၈  ပြားကိုလည်း ကောင်း   သိမ်းဆည်းရမိခဲ့သည်။

 


အလားတူ  ဒီဇင်ဘာ ၂၂ ရက် ညနေ  ၅ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး    ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် လောက်ကိုင်မြို့ အမှတ် (၂)ရပ်ကွက်ရှိ ရွှေစန်း(ခ)လောက် စန်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေ ရာ ဘိန်းဖြူ ၀ ဒသမ ၇၄၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား  ၁၆၀၀၀      ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ သဖြင့်  ၎င်းတို့ကို မူးယစ်ဆေးဝါး နှင့်    စိတ်ကိုပြောင်းလဲစေသော   ဆေးဝါးများဆိုင်ရာ   ဥပဒေအရ အရေးယူထားသည်။  

ရဲပြန်ကြား