မြိတ်မြို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်    ဩဂုတ်   ၃၁

 
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၃၀ ရက် ညနေ ၄ နာရီခွဲတွင် မြိတ်မြို့ ကန်ကြီးရပ်ကွက် ကမ်းနားလမ်းတွင် သန့်ဇင်ဦး(ခ) သားကြီး မောင်းနှင် လာသည့် ဆိုင်ကယ်နှင့် အောင်ညီလေး မောင်းနှင်လာသည့် ဆိုင်ကယ် နှစ်စီးတို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ အောင်ညီလေး မောင်းနှင်လာ သော ဆိုင်ကယ်ခွကြားမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ရဲပြန်ကြား