မြိတ်မြို့နယ်နှင့်ကျောက်ဖြူမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်   ဒီဇင်ဘာ   ၂၈ 


လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၆  ရက် ညနေ ၆ နာရီတွင် မြိတ်မြို့နယ် တုံးဗျောကြီးကျေးရွာနေ မြတ်ကျော် (ခ)လာမ်မဇစ်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀ ကိုလည်းကောင်း။


ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့သည် ကျောက်ဖြူမြို့ အရာရှိရပ်ကွက် အဝေးပြေးကားဝင်းရှိ ကားဂိတ်တွင်  လူမဲ့တန်ဆာဖြင့် ရောက်ရှိနေသည့် ကတ်ထူပုံးကို လာရောက်ထုတ်ယူသူ ထွန်းကျော်ဝင်း၊ အောင်နိုင်(ခ)တွံတေးတို့ကို ဆိုင်ကယ်နှစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့်   စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား  ၁၀၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ရဲပြန်ကြား