
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ရှိ ကျောက်ဖူး၊ တောမ၊ ကံတောင်ကျေးရွာများမှ တောင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေ အဖြစ် စားဖိုဆောင်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိ ရာ ဈေးကွက်အတွင်း ဈေးကောင်းရလျက်ရှိ သည့် ခရမ်းချဉ်သီးကို ပိုမိုစိုက်ပျိုးလာကြ ကြောင်း သိရသည်။
ခရမ်းချဉ်သီးကို တစ်နှစ်လျှင် သုံးကြိမ် စိုက်ပျိုးရာ ဇွန်လ၊ သြဂုတ်လနှင့် နိုဝင်ဘာလ များတွင် စိုက်ပျိုးကြကြောင်း၊ ခရမ်းချဉ်သီး စိုက်ပျိုးရာတွင် ဧကအလိုက် အနည်းငယ် စိုက်ပျိုးပြီး တစ်ပိုင်တစ်နိုင် ပျိုးထုပ်များဖြင့် ပိုမိုစိုက်ပျိုးကြကြောင်း၊ ခရမ်းချဉ်သီးမျိုး အနေဖြင့် ယိုးဒယားမျိုး ၁၁၁ တံဆိပ်နှင့် ၁၀၀ တံဆိပ်နှစ်မျိုးကို အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။
ခရမ်းချဉ်သီးမျိုးစေ့များကို သောင်ပေါ်တွင် အတန်းလိုက် (သို့မဟုတ်) ကြဲပက်ပျိုးထောင် ပြီး ပျိုးပင် ၂၀ ရက်သားခန့် အချိန်တွင် ပြောင်းရွှေ့စိုက်ပျိုးရကြောင်း၊ ဈေးကွက် အနေဖြင့် မိတ္ထီလာမြို့ပေါ်ရှိ ခရမ်းချဉ်သီးပွဲရုံ များသို့ တင်ပို့ရောင်းချလျက်ရှိပြီး တောင်သူ များထိုက်သင့်သည့် အကျိုးအမြတ်ရလျက်ရှိ ကြောင်း ခရမ်းချဉ်သီးစိုက် တောင်သူများထံမှ သိရှိရသည်။
DOCA(မန္တလေး)