
ရန်ကုန် ဇူလိုင် ၁၉
ဇူလိုင် ၁၉ ရက်တွင် မိုက်ခရို ဆော့ဖ်က ၎င်း၏ ဝင်းဒိုးစနစ်သုံးကွန်ပျူတာများအတွက် ထုတ်ပေး လိုက်သည့် အပ်ဒိတ်တစ်ခု၌ ချို့ယွင်းမှုတစ်ခု ပါဝင်လာသော ကြောင့် အဆိုပါ အပ်ဒိတ်ကို တင်လိုက်မိသော ကမ္ဘာတစ်ဝန်းမှ ဝင်းဒိုးစနစ်သုံး ကွန်ပျူတာအများ အပြားသည် စက်ဖွင့်မရတော့ သည့် Blue screen of death-BSOD error ကို ကြုံတွေ့နေရ သည်။
စုံစမ်းစစ်ဆေး
လတ်တလောတွင် Major Global IT Outage ဟု အမည် ပေးထားသော အဆိုပါပြဿနာ သည် မိုက်ခရိုဆော့ဖ်၏ ဆိုက်ဘာ လုံခြုံရေး ဆော့ဖ်ဝဲဖြစ်သော CrowdStrike အတွက် ထုတ်ပေး လိုက်သည့် အပ်ဒိတ်တစ်ခုကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး အလိုအလျောက် အပ်ဒိတ် (Auto Update) လုပ် ထားသော ကွန်ပျူတာများသည် ယင်းအပ်ဒိတ်ကို တင်လိုက်မိပြီး သည်နှင့် BSOD error ဖြစ်ပွား ခြင်းဖြစ်ကြောင်း နိုင်ငံတကာမှ အသုံးပြုသူများက ရေးသားနေကြ သည်။ သို့သော် မိုက်ခရိုဆော့ဖ် အနေဖြင့် အတိအကျသတင်း ထုတ်ပြန်ခြင်းမရှိသေးဘဲ စုံစမ်း စစ်ဆေးနေကြောင်းသာ ထုတ်ပြန် ထားသည်။
လက်ရှိအချိန်တွင် ကွန်ပျူတာ အများအပြားကို ဖွင့်မရသည့် ပြဿနာကြောင့် ဝင်းဒိုးကွန်ပျူတာ စနစ်အပေါ် အခြေခံတည်ဆောက် ထားသည့် နိုင်ငံတကာမှ လေကြောင်းလိုင်းများအပါအဝင် သယ်ယူပို့ဆောင်ရေး ကွန်ရက် များ၊ ဆက်သွယ်ရေးကွန်ရက်များ၊ ဘဏ်လုပ်ငန်းစနစ်များ၊ မီဒီယာ လုပ်ငန်းကြီးများ၊ စတော့အိတ်ချိန်း များ၊ ဆေးရုံစနစ်များ အပါအဝင် ကဏ္ဍပေါင်းစုံ၌ မကြုံစဖူးအကျပ် အတည်းနှင့် ရုတ်တရက် ရင်ဆိုင် ရကာ လေကြောင်းလိုင်းများ ရပ်ဆိုင်းခြင်း၊ ဆေးရုံနှင့် ဘဏ်များ ပိတ်ထားလိုက်ခြင်းများ ဖြစ်ပွား လျက်ရှိသည်။ အမေရိကန် ပြည်ထောင်စု၌ ဆက်သွယ်ရေး စနစ်တွင်ပါ ထိခိုက်မှုများရှိနေပြီး ပြည်သူအများစုအနေဖြင့် အရေး ပေါ်အကူအညီတောင်းရန် 911 သို့ ဖုန်းခေါ်ဆိုမှုများပါ မရသည်အထိ ဖြစ်ပွားနေကြောင်း သိရသည်။
အဆိုပါ ပြဿနာသည် လိုင်စင်ဝင်းဒိုးဟုခေါ်သော တရား ဝင်ဝင်းဒိုးစနစ်တွင် ချက်ချင်းထုတ် ပေးသည့်အပ်ဒိတ်ကြောင့် ဖြစ်ပွား ခြင်းဖြစ်ရာ မြန်မာနိုင်ငံမှ အသုံးပြု သူများအပေါ် ထိခိုက်မှုဖြစ်ပွား ခြင်းကို မတွေ့ရသေးပေ။ မြန်မာ နိုင်ငံမှ အသုံးပြုသူအများစုမှာမူ Crack ဗားရှင်းဟု ခေါ်သော လိုင်စင်မဟုတ်သည့် ဝင်းဒိုးစနစ် များကိုသာ အသုံးပြုနေကြခြင်း ဖြစ်ရာ အပ်ဒိတ်ရချိန်သည် လိုင်စင်ဝင်းဒိုးများထက် အနည်းဆုံး တစ်ပတ်မှ လပိုင်းအထိ နောက်ကျ တတ်သောကြောင့် မြန်မာနိုင်ငံမှ အသုံးပြုသူများသည် အဆိုပါ အပ်ဒိတ်ကို ရရှိခြင်းမရှိသေးပေ။
သို့ရာတွင် ပြည်တွင်းဈေးကွက် ၌ ရောင်းချနေသော နောက်ဆုံး ထွက်(တစ်နှစ်အတွင်း ဝယ်ယူထား သော) လက်ပ်တော့ပ်အသစ်အချို့ တွင်မူ လိုင်စင်ဝင်းဒိုးများ ပါဝင် တတ်ရာ အဆိုပါလိုင်စင်ဝင်းဒိုး လက်ပ်တော့ပ်အသစ်များကို အသုံး ပြုသူများအနေဖြင့်မူ သတိထား ရန် လိုအပ်ကြောင်း၊ ထိုသို့ လက်ပ် တော့ပ်အသစ်များကို အသုံးပြုနေ သူများအနေဖြင့် ဝင်းဒိုး၏အော်တို အပ်ဒိတ်ကို ပိတ်ထားသင့်ကြောင်း နှင့် အော်တိုအပ်ဒိတ်များကို မပိတ်တတ်ပါက လတ်တလော တွင် လက်ပ်တော့ပ်များကို အင်တာ နက်ချိတ်ဆက်ခြင်း မပြုသင့် ကြောင်း ပြည်တွင်းမှ ကွန်ပျူတာ အရောင်းနှင့် ဆားဗစ်ဆိုင်ရှင် တစ်ဦးက အကြံပြုထားသည်။
“ဆောင်ရန် ရှောင်ရန်ကတော့ လောလောဆယ် ဝင်းဒိုးအပ်ဒိတ် တွေကို ပိတ်ထားသင့်ပါတယ်။ တကယ်လို့ ပြဿနာဖြစ်လာရင် လည်း ကိုယ့်သဘောနဲ့ကိုယ် မလုပ်ဘဲ ကျွမ်းကျင်တဲ့ပညာရှင် တွေ၊ ဆိုင်တွေဆီမှာပဲ ပြသင့်ပါ တယ်။ ဒေတာတွေ ဆုံးရှုံးမှုမရှိဖို့ အတွက်ဆိုရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီးမှ အပ်ဒိတ်ဗားရှင်းက နေ ပြန်နှိမ့်မလား၊ ဝင်းဒိုးပြန်တင် မှာလားဆိုတာ ဆုံးဖြတ်တာမျိုး လုပ်သင့်ပါတယ်” ဟု အကြံပြု ပြောကြားသည်။
ကမ္ဘာတစ်ဝန်း၌မူ ဇူလိုင် ၁၉ ရက် ညပိုင်းအထိ အဆိုပါပြဿနာ ကိုဖြေရှင်းနိုင်မည့် ဖြေရှင်းချက်ကို မိုက်ခရိုဆော့ဖ်က ထုတ်ပေးနိုင် ခြင်းမရှိသေးသလို နိုင်ငံတကာ မှ ကွန်ပျူတာကျွမ်းကျင်သူများ၊ နည်းပညာဖိုရမ်များ အနေဖြင့် လည်း ဖြေရှင်းချက်ထုတ်ပေးနိုင် ခြင်း မရှိသေးပေ။
ကိုစိုး