မိုးကုတ်မြို့နယ်၌ ငွေကျပ် ၂၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ

 

နေပြည်တော်   မတ်   ၃


မိုးကုတ်မြို့နယ်၌   ငွေကျပ်    ၂၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ် အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ ကြောင်း   မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


ဖြစ်စဉ်မှာ    မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး   ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ မတ် ၁ ရက်   မွန်းလွဲ   ၁၂  နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး မိုးကုတ် မြို့နယ်    လယ်ကြီး    ပူးပေါင်း စစ်ဆေးရေးစခန်းတွင်     မိုင်းလုံမှ မိုးကုတ်သို့  မောင်းနှင်လာသည့် Nissan    ခြောက်ဘီးယာဉ်ကို စစ်ဆေးရန်     ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းဖြစ်သူ   ဝေသူမှာ ထွက်ပြေးသွားပြီး ယာဉ်နောက် လိုက်   အေးနိုင်  (ခ)  စိုးမြင့်နိုင် (၃၀နှစ်)နှင့်အတူ   ဒေသကာလ တန်ဖိုး  ငွေကျပ်  ၂၀  ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက် တမင်း) ၁ တန်  သိမ်းဆည်းရမိ ခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ   အိုက်စ်(မက်သ် အဖက်တမင်း)များအား ရှမ်းပြည် နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်း ဒေသကြီးသို့    သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ဥပဒေ အရ        အရေးယူထားရှိပြီး ကွင်းဆက်      ပြစ်မှုကျူးလွန်သူ များကို        ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း   သိရ သည်။ 


သတင်းစဉ်