မိုင်းဆတ်မြို့နယ်၌ ငွေကျပ်သိန်း ၉၆၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၄ သန်း ဖမ်းဆီးရမိ

 

နေပြည်တော်   ဇူလိုင်   ၁၉  


ရှမ်းပြည်နယ်      (အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၌     ငွေကျပ် သိန်း ၉၆၀၀ တန်ဖိုးရှိ  စိတ်ကြွ ရူးသွပ်ဆေးပြား ၂ ဒသမ ၄ သန်း ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 


ဖြစ်စဉ်မှာ  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး  ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်  ဇူလိုင် ၁၄ ရက် မွန်းလွဲ ၃  နာရီတွင်     ရှမ်းပြည်နယ် (အရှေ့ပိုင်း)  မိုင်းဆတ်မြို့နယ် ကျောက်တုံးကျေးရွာရှိ မအားပ ၏နေအိမ်ကို သတင်းအရရှာဖွေရာ ၎င်းနှင့် အိုက်ကပ်တို့ကို  နေအိမ် ခြံဝင်းအတွင်း REVO  မော်တော် ယာဉ်နှစ်စီးနှင့်အတူ  တွေ့ရှိပြီး အဆိုပါ  ယာဉ်နှစ်စီးပေါ်မှ ဒေသ ကာလတန်ဖိုး     ငွေကျပ်သိန်း ၉၆၀၀ တန်ဖိုးရှိ  စိတ်ကြွရူးသွပ် ဆေးပြား       ၂  ဒသမ ၄ သန်း  သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွ  ရူးသွပ်ဆေးပြားများကို မိုင်းဆတ်မြို့နယ်   ကျောက်တုံး ကျေးရွာမှ       ဝမ်ဟုန်ကျေးရွာ သို့ သယ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့်    ၎င်းတို့ကို    ဥပဒေ အရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို   ဆက် လက်စစ်ဆေး   ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

သတင်းစဉ်