
နေပြည်တော် ဇူလိုင် ၂၇
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ဝမ်မန်း ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များမှ ဒေသခံပြည်သူ ၄၈၅ ဦး တို့ကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့က ဝမ်တုံ့ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါးပတောကျေးရွာအုပ်စု ဝါးပတော ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ သံဃာတော် ၃၆ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၃၂ ပါး နှင့် ဒေသခံပြည်သူ ၁၅၈ ဦးတို့ ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီး သင် ပညာရေးကျောင်းတိုက်၌ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံ မြို့နယ် ဥပုသ်တော်ရပ်ကွက် မဟာခေမိကာရာမ သစ်ဆိမ့် ကျောင်းတိုက်ရှိ သံဃာတော် အပါး ၈၀နှင့် ဒေသခံပြည်သူ ၇၃ ဦးတို့ ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့က အဆိုပါ ကျောင်းတိုက်၌လည်း ကောင်း ယနေ့တွင် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာ တွင် ဆေးကုသရေးအဖွဲ့များက သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များနှင့် ဒေသခံ ပြည်သူများအား နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ဦးနှောက်နှင့် အာရုံကြောရောဂါ၊ မျက်စိရောဂါ၊ သားဖွားမီးယပ် ရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ သွားနှင့် ခံတွင်း ရောဂါ၊ ခွဲစိတ်ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေး ခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးဟောပြော ဆွေးနွေး ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူများအား နယ်မြေခံ တပ်မတော် ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်