မိုးညှင်း၊ မရမ်းကုန်းနှင့် တာချီလိတ်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် စက်တင်ဘာ ၂၇  

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၆ ရက် ညနေ ၆ နာရီခွဲတွင် မိုးညှင်း မြို့နယ် ရွှေဘို - မြစ်ကြီးနားကားလမ်း ကီလိုမီတာတိုင်အမှတ် (၂၉၇) နှင့် (၂၉၈) ကြားတွင်  မြင့်မြတ်ဝေသူ(ခ)ဝေသူ  မောင်းနှင်လာသည့် ဆိုင်ကယ်ကို    ရပ်တန့်ရှာဖွေရာ   စိတ်ကြွရူးသွပ်ဆေးပြား  ၃၄၂၀ ကိုလည်းကောင်း၊  ယင်းနေ့မွန်းလွဲ ၁ နာရီတွင်   မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မရမ်းကုန်းမြို့နယ်  အမှတ်(၂)ရပ်ကွက်  သမိုင်းဘူတာရုံလမ်း အနီးတွင် အောင်ဇော်ထွန်း (ခ)အောင်လေး မောင်းနှင်ပြီး အောင်စိုးမိုး(ခ)အာကြီး လိုက်ပါလာသည့် ယာဉ်ကို  စစ်ဆေးရှာဖွေရာ အောင်စိုးမိုးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀  သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက် ချက်အရ ညနေ ၄ နာရီတွင် သန်လျင်မြို့ မြို့ဟောင်းအရှေ့ရပ်ကွက် သောက်တော်တွင်း (၉) လမ်းနေ မတင်ဥကိုလည်းကောင်း။


 ယင်းနေ့ ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ် မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ဟွေတာ(၃) ကျေးရွာနေ အားဂျယ်၏ နေအိမ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၄၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့်၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။                                  

 

  သတင်းစဉ်