
နေပြည်တော် ဧပြီ ၂၉
နိုင်ငံရေး အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူ လူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင် ကျောင်းများကို အကြမ်းဖက် ဖောက်ခွဲမှုများ ပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ် ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ် ခြင်းများ ပြုလုပ်လျက်ရှိသည့် အပြင် ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးများ၏ အထွတ်အမြတ် ထားရာ သာသနာပိုင်အဆောက် အဦများ၊ ဘုန်းတော်ကြီးကျောင်း များကိုပါ အကြမ်းဖက် ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်း သံဃာတော်များ ဖမ်းဆီးခေါ် ဆောင် သတ်ဖြတ်ခြင်းများကို စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက် စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိ ရသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာတွင် ဧပြီ ၂၈ ရက် ည ၆ နာရီ ၄၅ မိနစ်တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာ အုပ်စု နန့်စလော်ကျေးရွာရှိ “ဒက္ခိဏဝန်မန်” (တောင်ကျောင်း)ဘုန်းတော်ကြီးကျောင်းတိုက်အား အကြမ်းဖက်အဖွဲ့များက ဒရုန်း ယာဉ်ဖြင့် ဗုံးတစ်လုံးအား ချိတ်ဆွဲ၍ ပစ်ချဖောက်ခွဲခဲ့ပြီး ၅ မိနစ်ခန့်အကြာတွင် ထပ်မံ၍ ဗုံးတစ်လုံးပစ်ချ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အဆိုပါ ဗုံးနှစ်လုံး မှာ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ အလှူပွဲအတွက် ချက်ပြုတ် ပြင်ဆင်နေသည့် နေရာအနီးသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကျောင်း တိုက်နေ ဆရာတော် ဥူးဝိမလ သက်တော် (၇၈)နှစ်၊ ဝါတော်(၂၅)ဝါနှင့် အဆိုပါ ကျေးရွာနေ ဦးသန်းထွန်း (၅၂) နှစ်၊ ဦးအောင် ကြီး (၆၈) နှစ်၊ ဦးမြကြီး(၈၃)နှစ်၊ မောင်ဓာတ်စံ(၅)နှစ်တို့တွင် ဗုံးစ ထိမှန်ဒဏ်ရာများ အသီးသီးရရှိ ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် ဗုဒ္ဓ ဘာသာဝင် မြန်မာလူမျိုးများ ၏ အထွတ်အမြတ်ထားရာ သာသနာပိုင် အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက် ခဲ့သည့် အကြမ်းဖက်သမား များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်စစ်ကြောင်း များနှင့် ပူးပေါင်း၍ လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်