မြို့နယ်အချို့၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

 

နေပြည်တော်   ဇွန်   ၂၃


NUG    အမည်ခံ      အကြမ်းဖက်အဖွဲ့နှင့်    ၎င်း၏ လက်အောက်ခံ   နိုင်ငံရေးအစွန်းရောက်   အကြမ်း ဖက်များက အနာဂတ်လူငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့ လူတန်းစားများဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ် စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ပညာသင်ကြားမှုကို    အဟန့်အတားဖြစ်စေသည့် ဆန့်ကျင်ခြိမ်းခြောက်စာများကို စာသင်ကျောင်းအချို့ ၌ ရေးသားချိတ်ဆွဲ၍  ခြိမ်းခြောက်အကြမ်းဖက် ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်  ၂၂ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)   ကလော မြို့နယ် အောင်ပန်းမြို့ သာမိုင်းခမ်းကျေးရွာ မူလွန် ကျောင်း Grade-4 စာသင်ခန်းအတွင်းနံရံထောင့်၌ အကြမ်းဖက်သမားများက ခြိမ်းခြောက်စာတစ်စောင် နှင့်အတူ Keypad ဖုန်းဖြင့် ချိတ်ဆက်ထားသည့် လက်လုပ်မိုင်းတစ်လုံး    လာရောက်ချထားသည်ကို တွေ့ရှိ ရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ က  သွားရောက်စစ်ဆေးပြီး   လက်လုပ်မိုင်းကို စနစ်တကျ ရှင်းလင်းခဲ့ကြောင်း သိရသည်။ 


အလားတူ ဇွန်  ၂၂ ရက် နံနက် ၈ နာရီခန့်တွင် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ရွှေညောင်ပင် ကျေးရွာရှိ   အခြေခံပညာအလယ်တန်းကျောင်း၌ လည်းကောင်း၊ နံနက်  ၈  နာရီခွဲတွင် မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်   လေးပင် ကျေးရွာရှိ    အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လည်ကောင်း၊  အမရပူရမြို့နယ်   အောင်ချမ်းသာ ရပ်ကွက်ရှိ    မြစ်ငယ်အခြေခံပညာအထက်တန်း ကျောင်း၌လည်းကောင်း၊  နံနက်  ၉  နာရီခန့်တွင် မကွေးတိုင်းဒေသကြီး သရက်မြို့နယ်  သဲဖြူကျေးရွာ ရှိ   အခြေခံပညာအလယ်တန်းကျောင်းခွဲ၌လည်း ကောင်း  PDF  အမည်ခံအကြမ်းဖက်သမားများက ကျောင်းတက်ရောက်မှုကို      ခြိမ်းခြောက်သည့် ခြိမ်းခြောက်စာများ လာရောက်ချိတ်ဆွဲထားကြောင်း သိရသည်။      

 


အထက်ပါဖြစ်စဉ်မှ  ကျောင်းသား  ကျောင်းသူ၊ ဆရာ၊ မိဘများအား   အထိတ်တလန့်ဖြစ်စေရန်နှင့် စာသင်ကျောင်းများ   ဖွင့်လှစ်သင်ကြားခြင်း မပြုနိုင် စေရန် ရည်ရွယ်၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်း များ ပြုလုပ်ခဲ့သည့် နိုင်ငံရေးအစွန်းရောက်အကြမ်း ဖက်များအား   ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက   ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။ 
                                               

သတင်းစဉ်