
နေပြည်တော် ဇွန် ၁၅
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ ၏ အနာဂတ်မျိုးဆက်သစ်လူငယ် များ၏ ပညာရေး နောက်ကျ ကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှုအခွင့်အလမ်း ကို ပြည့်ဝစွာ အသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်မှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ NUG အကြမ်းဖက် အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက် အကြမ်း ဖက်များက အနာဂတ်မျိုးဆက် သစ် လူငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစား များ ဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား ကျောင်းသူ၊ ဆရာ၊ မိဘများကို အထိတ်တလန့် ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင် ကျောင်းများ၌ ပညာသင်ကြား ရေးကို ဆန့်ကျင်ခြိမ်းခြောက်စာ များ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက် ခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်း များ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၄ ရက် နံနက် ၇ နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ကြံခင်း မြို့နယ် ရေနံတောင်ကျေးရွာရှိ ရေနံတောင်အခြေခံပညာ အထက် တန်းကျောင်း၌ လည်းကောင်း၊ ကြံခင်းမြို့နယ် ညောင်ဝိုင်း ကျေးရွာရှိ ညောင်ဝိုင်းအခြေခံ ပညာ မူလတန်းကျောင်း၌လည်း ကောင်း၊ နံနက် ၇ နာရီ ၁၅ မိနစ် ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၃/မာန်ပြေ ရပ်ကွက်ရှိ စာသင်ကျောင်း၌ လည်းကောင်း အနာဂတ်လူငယ် များ၏ ပညာသင်ကြားခြင်းကို အဟန့်အတား ဖြစ်စေသည့် ခြိမ်းခြောက်စာများ ရေးသားထား သည်ကို တွေ့ရှိရသည်။
ထို့ပြင် ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်နေ ကိုဘိုမင်းသူ(၃၅)နှစ် (ဘ)ဦးဇော်မင်းဦးသည် ၎င်း၏ သားဖြစ်သူကို ကျောင်းသို့ပို့ဆောင် ပြီး ပြန်လာစဉ် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၇၀)ရပ်ကွက် ကျောင်းလမ်းနှင့် အောင်ချမ်းသာ(၂) လမ်းထောင့် သို့ အရောက်၌ ဆိုင်ကယ် စီးနင်းလာသည့် အကြမ်းဖက် အမျိုးသား သုံးဦးက သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့ရာ ကိုဘိုမင်းသူတွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် သင်္ဃန်း ကျွန်းမြို့နယ် စံပြဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်များမှ ကျောင်းသား ကျောင်းသူ၊ ဆရာ၊ မိဘများကို အထိတ်တလန့်ဖြစ်စေ ရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ် သင်ကြားခြင်း မပြုနိုင်စေရန် ရည်ရွယ်၍ ခြိမ်းခြောက် အကြမ်း ဖက်ခြင်းများနှင့် ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည့် နိုင်ငံရေးအစွန်းရောက် အကြမ်း ဖက်သမားများကို ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်