မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးနောက်ကျကျန်မှု မဖြစ်စေရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက်ခြိမ်းခြောက်မှုများနှင့် ဗုံးဖောက်ခွဲဖျက်ဆီးမှုများလုပ်ဆောင်

 

နေပြည်တော်    ဇွန်   ၂၄


NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေး အစွန်းရောက်  အကြမ်းဖက်များက   အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့်  အခွင့်အလမ်းများ ပျက်ပြား၍   ပညာမဲ့ လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား ကျောင်းသူ၊ ဆရာ၊   မိဘများအား   အထိတ်တလန့်ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော  ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများတွင် ဆန့်ကျင်ခြိမ်းခြောက်စာ များ   ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ၊ ပညာရေး အဆောက်အအုံများအနီး ဗုံးဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိသည် ကို တွေ့ရှိရသည်။

 


ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၂၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ထုံးဘိုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၊  မွန်ပြည်နယ် သထုံမြို့နယ် ရှမ်းစုကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲနှင့် မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ကြီးပင်တဲ ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတို့၌ ကျောင်းသား ကျောင်းသူများ ပညာရည်သင်ကြားရေးကို အနှောင့်အယှက် ဖြစ်စေရန် ရည်ရွယ်၍     နိုင်ငံရေးအစွန်းရောက်     အကြမ်းဖက်သမားများက ခြိမ်းခြောက်စာများ ကပ်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက   သွားရောက်စစ်ဆေးခဲ့ပြီး    ဖယ်ရှား   ရှင်းလင်းခဲ့ကြောင်း သိရသည်။    

 


အလားတူ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် နေပြည်တော် ပြည်ထောင်စု နယ်မြေ ဥတ္တရသီရိမြို့နယ် တက်ရှိန်းကျေးရွာရှိ အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၏  လက်ကိုင်ဖုန်းအတွင်းသို့ “ကျောင်း ဆက်လက်မတက်ဖို့ မေတ္တာရပ်ခံ သတိပေးအပ်ပါတယ်။ ကျွန်တော်တို့၊ ကျွန်မတို့၏ သတိပေးမှုကို အလေးမထားဘဲ   ရှေ့ဆက် မည်ဆိုပါက ဆရာမကြီးနှင့် ဆရာမကြီး၏မိသားစု အသက်အန္တရာယ် အား တာဝန်ယူမည်မဟုတ်” ဟု ခြိမ်းခြောက်စာ ပေးပို့ခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်စာပေးပို့သူအား   ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


ထို့ပြင် ဇွန် ၂၃ ရက်  နံနက် ၉ နာရီခွဲတွင်    မန္တလေးတိုင်းဒေသကြီး         မတ္တရာမြို့နယ် ကျောက်တံတားကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်း၏ အနောက်ဘက် လမ်းသွယ်အတိုင်း   ဆိုင်ကယ်မောင်းနှင်လာသည့်  အကြမ်းဖက်သူ အမျိုးသား နှစ်ဦးက လက်လုပ်အသံဗုံး တစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေး သွားခဲ့သဖြင့် KG ဆောင်နှင့် Grade-1 စာသင်ဆောင် နောက်ကျောဘက် သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

 


အထက်ပါ ဖြစ်စဉ်များမှ ကျောင်းသား ကျောင်းသူ၊ ဆရာ၊ မိဘများ အား   အထိတ်တလန့် ဖြစ်စေရန်နှင့် စာသင်ကျောင်းများ  ဖွင့်လှစ် သင်ကြားခြင်း မပြုနိုင်စေရန် ရည်ရွယ်၍   ခြိမ်းခြောက်အကြမ်းဖက်ခြင်း၊   မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့သည့်  နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက   ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  သတင်း ရရှိသည်။                                                                    

 

သတင်းစဉ်