မြို့နယ်အချို့၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက စာသင်ကျောင်းများနှင့် ကျောင်းသုံးစာရွက်စာတမ်းများအား မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီး

နေပြည်တော်   ဒီဇင်ဘာ   ၂၈


စစ်ကိုင်းတိုင်းဒေသကြီးနှင့်  ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ   မြို့နယ်အချို့၌   ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု ကို   မလိုလားသူ   ဆူပူအကြမ်းဖက်သူများက စာသင်ကျောင်းများနှင့်    ကျောင်းသုံးစာရွက် စာတမ်းများကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။
ထိုသို့   မီးရှို့ဖျက်ဆီးမှုများ   ပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၂၇ ရက် နံနက် ၈ နာရီခွဲတွင် စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့ တောင်ဖီလာရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း RC နှစ်ထပ် ကျောင်းဆောင် ကို  အကြမ်းဖက်သမားများက ဓာတ်ဆီလောင်း မီးရှို့ခဲ့သော်လည်း မီးလောင်ပျက်စီးမှုမရှိကြောင်း။ 


အလားတူ      ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်      သဲဖြူကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ထိန်းသိမ်း ထားရှိသည့်   သင်ရိုးညွှန်းတမ်းစာအုပ်များနှင့်    ကျောင်းသုံးဗလာစာအုပ်များအား နံနက် ၁၀ နာရီ တွင်  အကြမ်းဖက်သမားများက  မီးရှို့ဖျက်ဆီး ခဲ့သဖြင့်  စာအုပ်များ  မီးလောင်ပျက်စီးဆုံးရှုံးခဲ့ ကြောင်း။


ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက် မြို့ မြနန္ဒာရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်းကို ည ၇ နာရီ မိနစ် ၂၀ တွင် အကြမ်း ဖက်သမားများက      ဓာတ်ဆီပုလင်းများဖြင့်   မီးရှို့ပစ်ပေါက်ခဲ့သော်လည်း ကျောင်းအဆောက် အအုံ မီးလောင်ပျက်စီးမှုမရှိကြောင်း။ 


ထို့ပြင် ညနေ ၃ နာရီ ၄၅ မိနစ်တွင် PDF အမည်ခံ  အကြမ်းဖက်သမားများက  ကယား ပြည်နယ်   လွိုင်ကော်မြို့   နမ့်ဘောဝမ်(က)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး ပြည်ထောင်စု လမ်းနှင့် GTC လမ်းဆုံတွင် ဒေသန္တရလက်လုပ် မိုင်းသုံးလုံး၊ ဘိုးဘွားရိပ်သာလမ်းနှင့် GTC လမ်းဆုံ တွင် ဒေသန္တရလက်လုပ်မိုင်း သုံးလုံးကို  ဒေသခံ ပြည်သူများနှင့်   ကျောင်းသား   ကျောင်းသူများ ထိခိုက်သေကျေပျက်စီးစေရန်အတွက်    မိုင်း ထောင်ထားသည်ကို  လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ ကြောင်း သိရသည်။ 


အထက်ပါဖြစ်စဉ်များမှ စာသင်ကျောင်းများ ကို မီးလောင်ပျက်စီးစေရန် မီးရှို့ဖျက်ဆီးခြင်း များ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများ အား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေး ယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


သတင်းစဉ်