
နေပြည်တော် နိုဝင်ဘာ ၉
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၈ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် မြဝတီ မြို့ အမှတ်(၄)ရပ်ကွက် ပုလဲလမ်းမပေါ်၌ မသင်္ကာဖွယ်တွေ့ရှိသူ ရဲသူအောင်(ခ)တရုတ်လေးကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် ပဲခူးမြို့ မဇင်း ရပ်ကွက် ကြေးနီကန်လမ်းတွင် နန်းဝင်းအောင်(ခ)ငစိုင်း မောင်းနှင်လာ သည့်ယာဉ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀၀ ကိုလည်း ကောင်း၊ ထို့ပြင် ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်မြို့ ရွာဘဲရပ်ကွက် ဗိုလ်တစ်ထောင် ဘုရားလမ်းနေ မျိုးရန်နောင်စိုး(ခ)ရန်နောင်စိုး ၏နေအိမ်ကို ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၈၀၀ ကိုလည်းကောင်း။
ထို့အတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေပြည်သာမြို့နယ် အမှတ်(၁၀)ရပ်ကွက် စက်မှုဒေသလမ်း အမှတ် (၁၂၇၄) အနီးတွင် ကျော်ဝင်းထွဋ်ကို ရှာဖွေရာ ယာဉ်တစ်စီးနှင့် ဘိန်းဖြူ သုည ဒသမ ၂၂ ကီလိုကိုလည်းကောင်း၊ ကွင်းဆက်အရ ရွှေပြည်သာ မြို့နယ် အမှတ်(၁၀)ရပ်ကွက် အမှတ် (၁၂၇၄) (၅)လွှာရှိ နေဝင်းထွဋ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ခုနစ်ပြားကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
ရဲပြန်ကြား