
နေပြည်တော် ဇွန် ၁၇
NUG အမည်ခံအကြမ်းဖက်အဖွဲ့ နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများ သည် အနာဂတ်မျိုးဆက်သစ် လူငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစား များ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေး လာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ် ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက် အကျပ် ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက် အဦများအား မီးရှို့ဖျက်ဆီး ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူ ခြင်း စသည့်နည်းလမ်းမျိုးစုံ
အသုံးပြုကာ ပညာရေးကဏ္ဍ မြင့်မားရေးကို နှောင့်ယှက် ဖျက်ဆီးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၅ ရက် ည ၁၂ နာရီခွဲတွင် ချင်းပြည်နယ် မတူပီမြို့နယ် လိုင်းလင်းပီမြို့ (၁) ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း ကျောင်းကို CDF အမည်ခံ အကြမ်းဖက်သမား ၂၀ ခန့်က ဝင်ရောက်မီးရှို့ ဖျက်ဆီးနေ ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အကြမ်းဖက်သမား များမှာ စာသင်ကျောင်း၏အရှေ့ မြောက်ဘက်ရှိ လျှိုအတွင်း သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ကျောင်းဝင်းအတွင်း မီးလောင်နေ သည်ကို တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာတွင် မီးငြိမ်း သွားခဲ့သည်။ မီးလောင်မှု ကြောင့် ကျောင်းရုံးခန်း တစ်ခန်း၊ စတိုခန်း တစ်ခန်း၊ မှန်တစ်ချပ်၊ Printer တစ်လုံး၊ မိတ္တူ ကူးစက် တစ်လုံး၊ ကော်ဇော ခြောက်ချပ်၊ ဗလာစာအုပ်များ၊ မိုးကာလိပ်နှင့် စာရွက်စာတမ်း များ မီးလောင်ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။
အလားတူ ဇွန် ၁၆ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မြောက် ဥက္ကလာပမြို့နယ် (ဃ)ရပ်ကွက် မေဓါဝီလမ်းရှိ အမှတ်(၄)အခြေခံ ပညာ အလယ်တန်းကျောင်း အရှေ့၌ မသင်္ကာဖွယ် အထုပ် တစ်ထုပ်တွေ့ရှိကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျောင်းဝင်ပေါက်အနီး တွေ့ရ သည့် မသင်္ကာဖွယ်အထုပ် အတွင်းမှ PVC ပိုက်ဖြင့် ပြုလုပ် ထားသည့် လက်လုပ်မိုင်း နှစ်လုံး အား Keypad ဖုန်းတစ်လုံး၊ ဓာတ်ခဲ တစ်လုံးတို့ဖြင့် ချိတ်ဆက် ထားသည်ကို တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက် သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်းနှင့် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးအနေ ဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်း စိုင်းသည့် လုပ်ရပ်ကို ကျူးလွန်ခဲ့ သည့်၊ ကျူးလွန်ရန် အားပေး လှုံ့ဆော်နေသည့် NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ အပေါ် ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှား မှုသတင်းများရရှိပါက လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ သတင်း ပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်မျိုးဆက်သစ် လူငယ် များ၏ လုံခြုံရေးကို ဝိုင်းဝန်း ကူညီပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားကြောင်း သိရသည်။
သတင်းစဉ်