
နေပြည်တော် ဩဂုတ် ၂
NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ် ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများကို ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေး ဆိုင်ရာ အဆောက်အဦများ မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ ကျောင်းသုံးစာအုပ် များ မီးရှို့ဖျက်ဆီးခြင်း၊ အတင်း အဓမ္မလုယူခြင်း စသည့်နည်းလမ်း မျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍ မြင့်မားရေးကို နှောင့်ယှက် ဖျက်ဆီးလျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဩဂုတ် ၁ ရက် နံနက် ၆ နာရီခွဲတွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပန်းလားကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ၌ ခြိမ်း ခြောက် စာများ ရေးသားထား ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါစာသင် ကျောင်းဝင်းအတွင်းရှိ Grade-5 စာသင်ခန်းနံရံပေါ်တွင် မှုတ်ဆေး အနီဖြင့် ခြိမ်းခြောက်စာများ ရေးသားထားသည်ကို တွေ့ရှိရ သဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၂ နာရီတွင် မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာ မြို့ ဆင်ကူးကျေးရွာ အခြေခံ ပညာ မူလတန်းကျောင်းဝင်း အတွင်းရှိ ကျောင်းပစ္စည်းများ ဖျက်ဆီးခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျောင်းဝင်းအတွင်းသို့ အကြမ်း ဖက်သမားများက ဝင်ရောက် ဖျက်ဆီးခဲ့မှုကြောင့် ဝန်ထမ်း အိမ်ရာအား ရေပေးဝေသည့် ကော်ပိုက်၊ ကျောင်းဆောင်အတွင်း ရှိ ဘုရားစင်တွင် တပ်ဆင်ထား သည့် အဝတ်စများ၊ ရေစင်နှင့် ကျောင်းဆောင်ရှေ့ လက်ဆေး ဘေစင်ရှိ ရေပိုက်များ၊ ကျောင်း ဆောင်အတွင်းနံရံ၌ တပ်ဆင် ထားသော ပန်းချီကားချပ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက စုံစမ်းဖော်ထုတ်လျက် ရှိသည်။ တိုင်းရင်းသားပြည်သူ လူထု တစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေ သည့် NUG ၊ PDF အမည်ခံ အကြမ်းဖက် အဖွဲ့များအပေါ် ဝိုင်းဝန်း ဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှား မှု သတင်းများရရှိပါက လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ သတင်း ပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ် ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေး ကြပါရန် မေတ္တာရပ်ခံတိုက်တွန်း ထားကြောင်း သိရသည်။
သတင်းစဉ်