
နေပြည်တော် မေ ၁၁
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ဗုဒ္ဓ ဘာသာဝင် မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ သာသနာပိုင်အဆောက်အအုံများ၊ ဘုန်းတော်ကြီးကျောင်းများ ကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲ ခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာတွင် မေ ၁၀ ရက် ညနေ ၄ နာရီ မိနစ် ၂၀ ခန့်က မြိုင်မြို့နယ် သင်းပေါင်းကန်ကျေးရွာသို့ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ရောက်ရှိလာပြီး အဆိုပါ ကျေးရွာနေ ဦးတာတီး(၂၅)နှစ် (ဘ)ဦးပေါလွင်၊ ဦးအောင်ဝင်း(၂၉)နှစ် (ဘ) ဦးကြွက်၊ ဦးစိုး (၆၁)နှစ် (ဘ) ဦးပေနီတို့ သုံးဦးနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးသုမန (၄၄နှစ်)ဝါတော် ၁၄ ဝါ (ဘ)ဦးထွန်းလှိုင် အား ဖမ်းဆီးခေါ်ဆောင်သွားကာ “သူလျှို၊ ဒလန်” များဟု စွပ်စွဲ ပြောဆို၍ ဓား/သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ် ထိုးခုတ်ခဲ့သဖြင့် ဆရာတော် ဦးသုမနပါ လေးဦး တို့မှာ အခင်းဖြစ်နေရာ၌ သေဆုံး သွားခဲ့ကြောင်း သိရသည်။
အလားတူ မေ ၁၁ ရက် နံနက် ၆ နာရီခန့်တွင် ပခုက္ကူမြို့နယ် မြောက်လူးကန်ကျေးရွာရှိ ပစ္စိမာရုံဘုန်းတော်ကြီးကျောင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ရောက်ရှိလာပြီး ဘုန်းတော်ကြီး ကျောင်းတွင် သီတင်းသုံးနေထိုင် လျက်ရှိသည့် ကျောင်းထိုင် ဆရာတော် ဥူးကောဝိတ (၇၈နှစ်) ဝါတော် ၅၈ ဝါအား ကျောင်းအပြင် ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပြီး သေနတ်များဖြင့် အကြောင်းမဲ့ ဝိုင်းဝန်းပစ်ခတ် သတ်ဖြတ်ခဲ့ သဖြင့် အခင်းဖြစ်နေရာ၌ သေဆုံး သွားခဲ့ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်များမှ သာသနာ့ဝန်ထမ်း သံဃာတော် များနှင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခဲ့သူ အကြမ်းဖက် သမားများကို ဖော် ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက် လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်