မြို့နယ်အချို့ရှိ PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

 

နေပြည်တော်    ဇွန်   ၁၅


NUG     အမည်ခံအကြမ်းဖက်အဖွဲ့နှင့်      ၎င်း၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမား များသည် အနာဂတ်လူငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့ လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော        ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊  မိဘများအား   ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေး ဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊      အထောက်အကူပြု ပစ္စည်းများနှင့်     ကျောင်းသုံး        ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား     မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း     စသည့်နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက် ဖျက်ဆီးလျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၄ ရက် နံနက် ၈ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နယ် ကိုင်းရိုးကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်းမှ  အလယ်တန်းပြ   ကျောင်းဆရာ/ဆရာမ နှစ်ဦး၏ နေအိမ်များအား PDF အမည်ခံအကြမ်းဖက် အဖွဲ့က   လက်လုပ်ဗုံးများဖြင့်    ပစ်ပေါက်ခဲ့သဖြင့်   လက်လုပ်ဗုံးများ       ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ကြမ်းခင်းနှင့် အမိုးသွပ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

 


အလားတူ   ည ၆ နာရီခန့်တွင်   ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီမြို့ အမှတ်(၁) ရပ်ကွက်ရှိ စည်ပင်ရုံးနှင့် အမှတ်(၂)ရပ်ကွက်ရှိ “ခမ်း”ကိုယ်ပိုင် အထက်တန်းကျောင်းတို့အား       လည်းကောင်း၊ ည ၁၀ နာရီ မိနစ် ၅၀ ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်     အချုပ်ကလေးကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲအား  လည်း ကောင်း၊ ယနေ့ နံနက် ၂ နာရီခန့်တွင် မကွေးတိုင်း ဒေသကြီး ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာရှိ အခြေခံ ပညာ အထက်တန်းကျောင်းအား   လည်းကောင်း၊ နံနက် ၃ နာရီ ၁၀ မိနစ်ခန့်တွင်   ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မန်ခိန်ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းရှိ “ရွှေနဒီ” ကျောင်းဆောင် ဟောင်းအား လည်းကောင်း PDF အမည်ခံအကြမ်း ဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ကြရာ မီးလောင်မှုများကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင်များနှင့်   ဒေသခံ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။ မီးလောင် မှုများကြောင့် ကျောင်းဆောင်များအတွင်းရှိ စာရွက် စာတမ်း၊ စာရေးခုံများ၊ သင်ထောက်ကူပစ္စည်းများနှင့် ဗီရိုများ   မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး    အုတ်ခံ၊ ပျဉ်ထောင်၊ သွပ်မိုး၊ ပျဉ်ခင်း၊ စာသင်ခန်း သုံးခန်းတွဲ နှစ်ထပ်ကျောင်းဆောင် တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ  ထိရောက်စွာအရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ် လျက်ရှိကြောင်းနှင့်     တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း  ယခုကဲ့သို့   ယုတ်မာ ရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန် ရန် အားပေးလှုံ့ဆော်နေသည့် NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်းဆန့်ကျင်ကြရန် နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများ ရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်  သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့ လုံခြုံရေး၊  အနာဂတ်လူငယ်များ၏   လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်း ထားကြောင်း သတင်းရရှိသည်။


သတင်းစဉ်