
နေပြည်တော် နိုဝင်ဘာ ၂၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၃ နာရီတွင် နောင်ချို မြို့နယ် မန္တလေး-လားရှိုးသွားကားလမ်း ဂုတ်တွင်းတံတား မိုင်တိုင် အမှတ် (၈၄)အနီးတွင် အောင်သူ မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ ကိုလည်းကောင်း၊ အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များ ပါဝင်သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၀ ရက် ညနေ ၅ နာရီ မိနစ် ၄၀ တွင် မြစ်ကြီးနားမြို့နယ် ပလနကျေးရွာနေ ဒွေယော်ဆဲ(ခ)အားတီ ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပျော်ဘွယ်မြို့ မြို့မရပ်ကွက် တပင် ရွှေထီးလမ်းနှင့် နဝဒေးလမ်းဆုံအနီးတွင် မလဲ့လဲ့ဝင်းကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀ ကို လည်းကောင်း။
ဥပဒေအရ အရေးယူထား
ထို့ပြင် ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရမည်းသင်း မြို့နယ် ရန်ကုန်-မန္တလေးသွားကားလမ်း မိုင်တိုင်အမှတ် (၂၄၈/၄)အနီး တွင် ကျော်သန်းကို ဆိုင်ကယ်တစ်စီးနှင့်အတူတွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀ ကို လည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မင်္ဂလာတောင် ညွန့်မြို့နယ် ကန်တော်ကလေး(တောင်)ရပ်ကွက် သိမ်ဖြူလမ်းမကြီး တိုက်အမှတ်(၃၅၁/ဘီ)၊ (၄) လွှာနေ အောင်သန်းဦး(ခ)ဟာဒစ်၏ နေအိမ် ကို ဝင်ရောက်ရှာဖွေရာ နေအိမ်ရှေ့တွင်တွေ့ရှိသူ တင်အောင်(ခ) နိုးလ်တင်းထံမှ အိုက်စ် သုည ဒသမ ၀၀၉ ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၆၂၀၀၊ ဘိန်းဖြူ သုည ဒသမ ၀၂ ကီလို၊ အိုက်စ် သုည ဒသမ ၁၀၅ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား