မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်    ဇွန်    ၂၂  


မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်းရေး   ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ    ပါဝင်သောပူးပေါင်းအဖွဲ့သည်    ဇွန် ၂၀ ရက် နံနက် ၆ နာရီခွဲတွင်  ပြင်ဦးလွင်မြို့ ရပ်ကွက် ကြီး(၁၅)   မြို့ရှောင်လမ်းရှိ   နှီးဘုရားကြီးရှေ့တွင် Dong Feng အမျိုးအစား ဆီဘောက်ဆာမော်တော် ယာဉ်  မသင်္ကာဖွယ်ရပ်တန့်ထားသည်ကို  တွေ့ရှိ သဖြင့် စစ်ဆေးရှာဖွေရာ ယာဉ်မောင်းကို မတွေ့ရှိဘဲ ယာဉ်အတွင်းမှ     ငွေကျပ်   ၁  ဒသမ  ၄၃၅  ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူ ၂၈ ဒသမ ၆ ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား   ၄ ဒသမ ၈ သိန်းတို့ကို   လည်းကောင်း။

 


ဇွန် ၂၁ ရက် နံနက်  ၁၁ နာရီ ၁၅ မိနစ်တွင်  ဒဂုံ မြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၄၅) ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းတွင် မြင့်သိန်း(ခ)ဂနေ့(ခ)သားကြီး မောင်းနှင်ပြီး အေးလှိုင်(ခ)စိုးဝင်း လိုက်ပါလာသည့် Toyota Corolla Fielder အမျိုးအစား မော်တော်ယာဉ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၃ နာရီတွင်  ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ် (၄၂)ရပ်ကွက်    ပီမိုးနင်း(၃)လမ်း   အမှတ်(၆၁၁/ခ) ရှိ       မြင့်သိန်း(ခ)ဂနေ့(ခ)သားကြီး၏    နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ        စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀,၀၀၀ စုစုပေါင်း ငွေကျပ်သိန်း ၂,၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို    လည်းကောင်း၊ ထိုနေ့  မွန်းလွဲ  ၁၂နာရီ မိနစ် ၂၀ တွင်  ရွာငံမြို့နယ် ကျောက်မြောင်းကျေးရွာအုပ်စု  တောင်ခေါင်းပွား ကျေးရွာအနီး ရွာငံ-ဟန်မြင့်မိုရ်သွားကားလမ်းတွင် ကျော်လင်းထွန်း   မောင်းနှင်လာသည့်   Hyundai Starex အမျိုးအစား  မော်တော်ယာဉ်ကို  ရပ်တန့် စစ်ဆေးရှာဖွေရာ  ငွေကျပ်သိန်း ၁,၇၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၅၀,၀၀၀ ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ရဲပြန်ကြား